ဘယာကြော် အတု၊ အစစ် ဂယက် လာပြန်ပါပြီ (ဒီတခါတော့ တနိုင်ငံလုံးပါ ငြင်းခုံနေကြပါပြီ)

လူမှုကွန်ရက်မှာ အဖွဲ့ဝင်ဦးရေ တသန်းကျော် ရှိတဲ့ စားကြမယ်၊ ချက်ကြမယ် ဂရုမှာ ဘယာကြော် အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေ ဖြစ်နေကြပါတယ်။ အကွင်းလေး လုပ်ပြီးကြော်တဲ့ မုန့်နဲ့ အလုံးလေး လုပ်ပြီး ကြော်တဲ့ မုန့် (၂) မျိုးကို ဘယ်ဟာက ဘယာကြော်လို့ ခေါ်သလဲဆိုတဲ့ မေးခွန်း ထွက်ပေါ်လာပါတယ်။ လူမှုကွန်ရက် အသုံးပြုသူများရဲ့ မှတ်ချက်တချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်-

မှတ်ချက် (၁) – ရန်ကုန်မှာ အကွင်းကို မတ်ပဲကြော်၊ ကလားပဲနဲ့ ကြော်တဲ့ဟာကို ဘယာကြော်၊ မန္တလေးမှာတော့ အကွင်းကို ဘယာကြော် (သို့မဟုတ်) ဗမာဘယာကြော်၊ ကလားပဲနဲ့ ဘကြော်တဲ့ဟာကို ကလားဘယာကြော်လို့ ခေါ်ပါတယ်။

မှတ်ချက် (၂) – အရပ်ဒေသအရအခေါ်ကွဲတယ်။ မကွေးဖက်က ကလားပဲနဲ့လုပ်တဲ့ အကြော်ကို ဘယာကြော်လို့ခေါ်တယ်။ မန္တလေးမှာတော့ ကလားဘယာကြော်လို့ခေါ်တယ်။ မတ်ပဲနဲ့ လုပ်တဲ့အကြော်မှ ဘယာကြော်ပါ။

မှတ်ချက် (၃) – အညာဒေသမှာတော့ မတ်ပဲကြော်ကို ဘယာကြော်လို့ခေါ်ပြီး ကလားပဲနဲ့ဟာကို ကလားဘယာကြော်လို့ ခေါ်ကြတယ်။

မှတ်ချက် (၄) – ဆိပ်ဖြူမှာ ကလားပဲကြိတ်‌ပြီး ကြော်တာကို ဘယာကြော်၊ မတ်ပဲကြိတ်ပြီး ကြော်တာကို မတ်ပဲကြော် (သို့) အကွင်းကြော်၊ စစ်ကိုင်းရောက်တော့ ဆန့်ကျင်ဖက် ကလားပဲ ကြိတ်‌ပြီး ကြော်တာကို ကလားကြော် ၊ မတ်ပဲကြိတ်ပြီး ကြော်တာကို ဘယာကြော်။

မှတ်ချက် (၅) – ရန်ကုန်မှာ အကွင်းက မတ်ပဲကြော်၊ ကလားပဲထောင်းကြော်က ဘယာကြော်၊ မန္တလေးမှာ အကွင်းက ဘယာကြော်၊ ကလားပဲထောင်းကြော်က ကလားဘယာကြော်။

စာဖတ်သူ မိတ်ဆွေတို့ရော ပုံထဲမှာပါတဲ့ အကြော် (၂) မျိုးကို ဘယ်လို ခေါ်ဝေါ်ကြလဲဗျ။ ကွန်းမန့်မှာ ပြောပြသွားလို့ ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page