ဇာတ်မင်းသားကြီး ဦးဖိုးစိန် လုံးဝမကတော့တဲ့ ပြဇာတ်တပုဒ်နဲ့ ဝမ်းနည်းစရာ နောက်ခံသမိုင်းကြောင်း

ဤဇာတ်လမ်းသည် ပထမ အင်းဝခေတ်ကို တည်ထောင်ခဲ့သော သတိုးမင်းဖျားလက်ထက်၌ သူခိုးကြီး ငတက်ဖျား၏ တပည့် ထိလတ် အကြောင်း ပင် ဖြစ်သည်။

ငတက်ပြားက လူကောင်းဖြစ်သွားတော့ ဆိုးတဲ့အလုပ် မလုပ်တော့ဘူး။ ထိလတ်က တစ်ဦးတည်းကျန်ခဲ့သတဲ့။ သူရဲ့”ရှိမ်းဆာယာပိုမောက် ကိုယ်ပျောက်”တဲ့အစွမ်းတွေ ကလည်း ပြယ်လာတော့ ခိုးရတာမအောင်မြင်ဘူးတဲ့။ ဒါနဲ့ ကိုယ်ဝန်ရင့်မာလာတဲ့ မပိုးအူတို့ မိဘများရှိရာ တောင်အင်းရွာသို့ ပြန်လာကြတယ်။

တစ်ညကျတော့ ကိုမင်းကျော်က အိပ်မက်ပေးတယ်။ ရွာအနောက်တောင်က ချောင်းဘေးသွားစောင့်တဲ့။ ထိလတ်က အဲဒီချောင်းဘေး နေ့တိုင်းသွားစောင့်တယ်။ ထိလတ်စောင့်ခဲ့တဲ့နေရာ ယခုထိရှိတယ်လို့ဆိုပါတယ်။ တနေ့တော့ မိကျောင်းပေါ်လာသတဲ့။ သူ့ပါးစပ်ထဲမှာ ကြေးပုရပိုက်ကြီး ကိုက်လို့တဲ့။ ထိလတ်လည်း ဘာမှ စဉ်းစားမနေနိုင်တော့ပဲ ရေထဲဒိုင်ဗင်ထိုးချပြီး မိကျောင်း ပါးစပ်ထဲက ပုရပိုက်ကိုရအောင်လုယူခဲ့သတဲ့။

ပုရပိုက်ကို ဖတ်ကြည့်လိုက်တော့ မပိုးအူရဲ့ သန္ဓေသားကို‌ေ-ာက် ပြီး ကင်စားရင် “ရှမ်းဆာယာ ပိုမောက်ပြီး ကိုယ်ပျောက်နိုင်သတဲ့”။ ဒါမှ သူခိုး အလုပ် ကို ပြန်လုပ်နိုင်မှာ။ ထိလတ်သည် အင်းနက္ခတ်မိ၍ အလွန်စွမ်းသော သူ့ ဆရာ ငတက်ဖျားကဲ့သို့ နာမည်ကျော် တစ်ဦးဖြစ်လိုခဲ့ သဖြင့် ကိုယ်ပျောက်ဆေးဖော်ရန် မပိုးအူဝမ်းဗိုက်ကို ‌ေ-ာက်ပြီး သူ့သားငယ်ကို မီးကင်စားလေရာ ရပ်ရွာသားတို့က ထိလတ်ကို -တ်ပစ်ကြလေသည်။

ထိလတ်သေပြီး နတ်ဖြစ်သည်ဟု ယုံကြည်ကြပါသတဲ့။ ထိလတ်ကို အင်းဝခေတ် ၃၇မင်း နတ်စာရင်းမှာတွေ့နိုင် ပြီး၊ ကုန်း ဘောင်ခေတ် ၃၇မင်း နတ်စာရင်းမှာ မတွေ့ရ တော့ပါ။ ဒီရာဇဝင်ကိုအခြေခံ၍ ၁၉၀၀ ခုနှစ်ဝန်းကျင် ကိုလိုနီ ခေတ်တွင် စာရေးဆရာ ဆရာမိုး (တချို့ကဆရာဖိုး ဟု ဆိုကြပါတယ်၊ မျက်စိမမြင်ရှာဘူးလို့လည်း ဆိုပါတယ်) က ထိလတ်ပိုးအူဇာတ်ကို ရေးသားကာ ဇာတ်သဘင် ပညာရှင် ဦးဖိုးစိန်က ကပြဖျော်ဖြေခဲ့ရာ လူကြိုက်အလွန်များပြီး နာမည်ကြီးလာခဲ့လေသည်။

ဦးဖိုးစိန်ရောက်လေရာမှာ ထိလတ်-ပိုးအူဇာတ်ပဲကပါ လို့ အရပ်က တောင်းဆိုကြပါသတဲ့။ ထိလတ်-ပိုးအူ ပြဇာတ် ဘယ်လောက်ခေတ် စားသလဲဆိုရင် အင်္ကျီ ပိတ်ပါးစအုပ်တွေကို ထိလတ်-ပိုးအူတံဆိပ်နဲ့တောင် ရောင်းတယ်။ သောက်ရေခွက်ကြီးတွေမှာလည်း ထိလတ်-ပိုးအူပုံတွေ ရေးတယ်။

ယခု ပုဂံရွှေစည်းခုံ ဘုရား တန်ဆောင်းတစ်ခုရဲ့ လင်းနို့တောင်တွေမှာ ထိလတ်-ပိုးအူဇာတ်ရုပ်တွေ ထွင်းထားတယ်။ နောက်ဆုံး ကိုလိုနီအင်္ဂလိပ်ခေတ်ဦးက အင်းစာအုပ်၊ မန္တန်စာအုပ်တွေမှာ မန္တန်ရွတ်တာတောင်မှ ”ငထိလတ် ကဲ့သို့ စွမ်းစေသတည်း” လို့ပါတယ်။

ဂရိတ်ဖိုးစိန်လို့ နာမည်ကြီးတဲ့ ဇာတ်သဘင်ပညာရှင် ကြီး ဦးဖိုးစိန်နဲ့ ဇာတ် မင်းသမီး မငွေစိန်တို့ပုံနဲ့ ပို့စကတ် ကို ၁၉ဝဝ ခုနှစ်အလွန်မှာ ထုတ်ဝေရောင်းချခဲ့ပါ တယ်။ ပို့စကတ်ထဲမှာ ဦးဖိုးစိန်က မငွေစိန် ဗိုက်ကို ‌ေ-ာက်ပြီး အထဲက သန္ဓေသားကို -င်စားဖို့ ကြံစည်နေပုံပါတယ်။

ဒါဟာ ထိလတ်နဲ့ ပိုးအူဇာတ်လမ်းပုံပါ။ ဒီဇာတ်လမ်းဟာ မြန်မာတစ်ပြည်လုံး ဟိုးဟိုးကျော်ခဲ့ တဲ့ ဇာတ်လမ်းပါ။ ဦးဖိုးစိန် ထိလတ်-ပိုးအူဇာတ်ကတော့ အစကမှ အင်းတွေ၊ မန္တန်တွေ၊ ကိုယ်ပျောက်ဆေးတွေ ယုံခဲ့ကြတဲ့ မြန်မာတွေ ပိုပြီး ယုံကြည်လာတယ်။

အဟုတ်တကယ် ဖြစ်လိမ့်မယ်လို့ ယုံပြီး ကျောက်တန်း မြို့က မြန်မာဆေးဆရာ တစ်ဦး သူ့ဇနီးဗိုက် ဒါးနဲ့‌ေ-ာက် လိုက်တာ ကိုယ်မပျောက်ဘဲ ထောင်ထဲ ရောက်သွားပါ လေရော။ ဦးဖိုးစိန်လည်း စိတ်မကောင်းဖြစ်ပြီး ဒီဇာတ်ကို လုံးဝ မကတော့ဘူး။ နောင်လည်း ဘယ်တော့မှ ဒီဇာတ်ကို မကတော့ဘူး။ ဦးဖိုးစိန်လက်ရေးနဲ့ ထိလတ်-ပိုးအူဇာတ် ရဲ့ စာတွေ မန္တလေးမှာရှိသတဲ့။

မပိုးအူနေတဲ့ရွာသွားချင်ရင် မန္တလေးမှ ၄၂ မိုင်ဝေးတဲ့ (ရွှေပြည်) ပြည်ဝင်၊ (ရွှေပြည်) ပြည်ဝင် မှ အနောက်သို့ ကားလမ်း ထုံးကြီးအထိပေါက်တယ်။ နေ့ချင်းပြန်နိုင်တယ် လို့ဆိုပါတယ်။ထိလတ်ရွာက ညောင်ဝန်းရွာ။ မပိုးအူရွာရဲ့ မြောက်ဘက်ကားလမ်း ဘေး မှာပဲရှိသတဲ့။ မှီငြမ်း – Friday Times News Journal အတွဲ (၁) အမှတ် (၄၄) ဇန်နဝါရီလ ၂၀၁၆၊ စွန့်စားဖွေရှာဘိုးတော်ကမ္ဘာ (ဆရာဝန်တင်မောင်ကြည်)၊ ၃၇မင်း (ဦးဖိုးကျား)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page