မသမာသူတွေကြောင့် လတ်တလော ကြွေလွင့်ခဲ့ရတဲ့ မြန်မာပြည် သိပ္ပံပညာရှင်တဦး

မင်္ဂလာတောင်ညွန့်ရှိ တိုက်ခန်းမှာ အသက်ဆုံးရှုံးရတဲ့ အသက် ၇၀ ကျော်အရွယ် အငြိမ်းစားဇနီး မောင်နှံအနက် အမျိုးသားဖြစ်သူမှာ ရူပဗေဒဘာသာရပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ဆုံးရှုံးခဲ့ရသူလင်မယားနှစ်ဦးအနက် အမျိုးသားဖြစ်သူမှာ ရူပဗေဒဘာသာရပ်ဖြင့် အမျိုးသားစာပေဆု ရရှိထားသူဖြစ်ကြောင်း၊ ကလောင်အမည်မှာ တက္ကသိုလ်ကြယ်ပွင့်ဖြစ်တယ်လို့ သိရပါတယ်။

“ဆရာ့နာမည်က ဦးမြင့်ဝေပါ။ ကလောင်က တက္ကသိုလ်ကြယ်ပွင့်ဆိုတဲ့အမည်နဲ့ စာရေးတယ်။ ရူပဗေဒ ကိုသာမန်လူတွေနားလည်အောင် ရေးသားဖွင့်ချဖော်ထုတ်ပြသခဲ့တဲ့ အလွန်အဖိုးတန်သော ဆရာတစ်ယောက် ပါ” ဟု ဦးမြင့်ဝေနှင့် နီးစပ်သူတစ်ဦးက ပြောကြားပါတယ်။

သေဆုံးခဲ့ရတဲ့ ဇနီးမောင်နှံမှာ ရန်ကုန်တက္ကသိုလ်ရူပဗေဒဌာန တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ပြီး ဆရာဦးမြင့်ဝေမှာ “ရီလေတီဗီတီသီအိုရီ ” စာအုပ်ဖြင့် ၁၉၇၃ ခုနှစ် စာပေဗိမ္မာန်စာမူ ဒုတိယဆုရရှိခဲ့ပြီး “စူပါကြိုး မျှင်လေးသီအိုရီ” စာအုပ်ဖြင့် ၂၀၀၁ ခုနှစ် အမျိုးသားစာပေဆု (သုတပဒေသာ၊ ရိုးရိုးသိပ္ပံ) ရရှိခဲ့သည့်အပြင် ” အိုင်းစတိုင်း”၊ “ကွမ်တမ်သီအိုရီ”၊ “စကြဝဠာအနှံ့ သဘာဝအမှန်တရား ရှာပုံတော်ဖွင့်ခြင်း”၊”M-သီအိုရီနှင့် ကော်စမောလော်ဂျီ” အစရှိသဖြင့် ရူပဗေဒပညာရပ်ဆိုင်ရာစာအုပ်ပေါင်းများစွာ ရေးသားခဲ့တဲ့သူ ဖြစ်ပါတယ်။

သေဆုံးခဲ့သူနှစ်ဦးမှာ အဆိုပါတိုက်ခန်းတွင် နှစ်ဦးတည်းနေထိုင်သူများဖြစ်ပြီး အဆိုပါတိုက်ခန်းတွင် နေထိုင်သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ကြောင်း အဆိုပါနေရာအနီးနေသူများထံမှ စုံစမ်းသိရှိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာအနီးဝန်းကျင်မှာ လူသွားလူလာများပြားသည့်နေရာဖြစ်ပြီး အဆိုပါလမ်းအနီး တွင် စျေးရောင်းချသူများဖြင့် စည်ကားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page