ဒယ်လီခပေးပြီး ဒေဝီသခင်မကြီးလို့ ထင်နေသူတွေ ဖတ်ဖို့ ဒယ်လီသမားတဦးရဲ့ ဖွင့်ဟဝန်ခံချက်
ဒယ်လီခ ၂၅၀၀၊ ၃၀၀၀ ပေးပြီး အရမ်း-င်မြင့်နေတဲ့ အယ်မရေ (၁) အယ်မတို့ ၆၀၀၀၊ ၇၀၀၀ နဲ့ တက်စီ ငှားစီးရင်တောင် တက်စီ ဆရာကြီးက အယ်မကို ၆ လွှာအထိ မောင်းမပို့ပေးပါဘူးနော်။
(၂) ဒယ်လီပဲ ပို့ပေးရမှာပေါ့ဆိုတာ သိပင်မဲ့ မောင်လေးရေ အိမ်မှာ လူကြီးတွေပဲ မို့လို့ ၊ အမက အဆင်းအတက် အဆင်မပြေလို့လို့ လူကို လူနားလည်အောင်တော့ ပြောပေးကြပါ။
(၃) ၆ လွှာ ကို တက်ပို့နိုင်ရင်ပို့ မပို့နိုင်ရင် အဲ့ပစ္စည်းမယူတော့ဘူးဆိုပြီး အွန်လိုင်းရှော့နဲ့ ရန်ပြန်တိုက်၊ အကြပ်ကိုင်ပြီး နိုင်ထပ်စီးနင်း မလုပ်ကြပါနဲ့။
(၄) ရှင်သိရမှာ ဒယ်လီသမားတွေဆိုတာ ချွေးနဲ့ေ-သွး ရင်းပြီး ရှင်တို့ မထွက်ချင်တဲ့ နေပူပူကြီး ထဲမှာ ရှင်တို့ သိပ်လိုချင်တဲ့ ပစ္စည်းလေး သွားယူပြီး လာပို့ပေးတဲ့ ၀န်ဆောင်မှုပေးရတဲ့ သူပါ ရှင့်တို့ အိမ်နဲ့ စိတ်မကြည်တိုင်း အော်ငေါက်ရမဲ့ ရှင်တို့ -ျွန် မဟုတ်ပါဘူး။
(၅) အဲ့လို့ ပစ္စည်းတက်ပို့ ရတဲ့ အချိန် ၊ သူတို့ အောက်က စက်ဘီးလေးများ ပါသွားမလား ၊ တခြား အထုပ်လေးများ ပါသွားမလားဆိုတဲ့ သောက ကြီးနဲ့ ရှင်တို့ မဆင်းမတက်ချင်တဲ့ ၆ လွှာကို ပြေးတက်ပြေးဆင်းပြီး အောက်ရောက်မှ သက်ပြင်းလေး ချရတာပါ။
(၆) ရှိသေးတယ် တချို့အယ်မကြီးတွေက အပေါ်တက်ပို့လို့ကြာနေလို့ အမရေ ဟိုအောက်မှာအထုပ်လေးတွေ ရှိလို့ မြန်မြန်လေး လုပ်ပေးပါနော်လို့ ပြောမိရင် လုပ်နေတာပဲ နင့်ဟာက ဘယ်လောက်တန်ဖိုးရှိလို့လဲ ဘာလဲနဲ့ ရန်ပြန်ထောင်သေးတယ်။ (ကျမ ရိုက်ဒါတွေကို ကျမတို့ပေးထားတဲ့ ဘီးကတော့ ၃ သိန်းကျော်တယ်ရှင့်။ အမ မှာထားတဲ့ တန်ဖိုးထက် အများကြီးပို တန်ကြေးရှိတယ်နော်) ကျန်တဲ့ ကာစတန်မာတွေအထုပ်ရဲ့ တန်ဖိုး မပါသေးဘူးနော်။
ရိုက်ဒါလေးတွေက မကောင်းတက်လို့ ဟုတ်ကဲ့အမ ဟုတ်ကဲ့အမဆိုတိုင်း ကိုယ့်ဘာသာ ဒေဝီသခင်မကြီး ထင်ပြီး စိတ်ကြီး၀င်မနေနဲ့နော် (Yunn Mee Mee)