ဒီခေတ်ကြီးမှာ ရွှေထက်ရှားသွားပြီ ဖြစ်တဲ့ စိတ်ဓာတ်ကောင်းနဲ့ ယာဉ်နောက်လိုက်တဦး အကြောင်း

ကျွန်တော်တို့က ၂၅-၁၂-၂၀၂၂ ရက်နေ့မှာ ပြင်ဦးလွင်ကားဂိတ်ကနေ မနက်(၈)နာရီထွက်တဲ့ မြတ်မန္တလာထွန်းကားနဲ့ ရန်ကုန်ကို ပြန်ဆင်းခဲ့ပါတယ်။ ကားပေါ်တောက်လျှောက်မှာ အစစ်အဆေးတွေက များတော့ မှတ်ပုံတင် ထုတ်ချည်၊သွင်းချည်နဲ့ ကျွန်တော့်အစ်မရဲ့ ဖုန်းက စောင်ကြားထဲမှာ ညပ်ပြီး ကျန်ခဲ့တယ်။

အိမ်ပြန်ရောက်ရောက်ချင်း ဖုန်းဆက်ကြည့်တော့ မြတ်မန္တလာထွန်း ကားအမှတ် (6k-2829) က ယာဉ်နောက်လိုက် ကိုဇေယျာက ချက်ချင်းပဲဖုန်းကိုင်ပြီး သူကိုယ်တိုင်သိမ်းထားပေးတယ်ဆိုတဲ့အကြောင်း၊ စိတ်မပူဖို့အကြောင်း၊ ဖုန်းကိုတောင် မဖွင့်ထားပါဘူးဆိုတဲ့အကြောင်း သေချာပြန်ပြောပေးရှာတယ်။

ကားပေါ် တောက်လျှောက်မှာလည်း စာရင်းဇယား အလွန်စနစ်ရှိတယ်။ ခရီးသည်‌‌တွေကိုလည်း လေးစားတယ်။ ခရီးသည်တစ်ဦးချင်းစီရဲ့ ဆင်းမယ့် မှတ်တိုင်ကိုလည်း သေချာတယောက်ချင်းစီ မှတ်ပြီး စီစဉ်ပေးတယ်။ ပစ္စည်းတွေကိုလည်း စိတ်ပူစရာ မလိုအောင် စနစ်တကျ စီမံပေးတယ်။

ကားပေါ်မှာလည်း ခရီးသည် လိုအပ်သမျှ သူအကုန် စီစဉ်ပေးတယ်။ ကျန်းမာရေးသွားချိန်၊ ထမင်းစားချိန်ဆိုလည်း အကြာကြီး ကားကို ရပ်ပေးရှာတယ်။ စစ်ဆေးရေးဂိတ်မှာလည်း လုံခြုံရေးတွေရဲ့ အော်တာ ငေါက်တာလည်း ခံရတော့ ကိုယ်တွေကတောင် သနားနေတာ။

ခုခေတ်မှာ ဖုန်းတစ်လုံး ပြန်ရဖို့ဆိုတာ လုံးဝ မလွယ်ကူတော့ပါဘူး။ သူ မရိုးသားတဲ့စိတ်နဲ့ ယူထားလည်းရတာပဲ။ ဖုန်းတစ်လုံး ပြန်ရောင်း (၃/၄) သိန်း ပြေးမလွတ်ဘူး။ ဒါပေမဲ့ ဖုန်းတွေ လုယက်ခိုးဆိုးနေတဲ့အချိန်မှာတောင် ရိုးသားပြီး ခရီးသည်ကို ပြန်ပေးရှာတဲ့ ရိုးသားမှုကိုတော့ တော်တော်ချီးကျူးတယ်။ လေးလည်းလေးစားမိတယ်။

ဒါဟာ ခရီးသည်တွေအပေါ်ထားရှိတဲ့ စေတနာ၊ ရိုးသားတဲ့ ကိုဇေယျာနဲ့ ကိုဇေယျာကို ခန့်ထားတဲ့ မြတ်မန္တလာထွန်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးက တာဝန်ကြီးလူကြီးမင်းများနှင့် ကားဆရာနှစ်ယောက်ကိုလည်းအထူးအထူး ကျေးဇူးတင်ရှိပါတယ်။

မြတ်မန္တလာထွန်းကားအနေနဲ့လည်း ခုလိုရိုးသားပြီး စနစ်ကျတဲ့ ကိုဇေယျာလို လူမျိုးကို များများ ချီးမြှောက်ဂုဏ်ပြုသင့်ပါတယ်လို့ အကြံပေးပါရစေ။မြတ်မန္တလာထွန်မိသားစုလည်း ဒီထက်မက အောင်မြင်တိုးတက်ပါ‌စေ။ မြတ်မန္တလာထွန်းအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးက ကိုဇေယျာ (6K-2829) လိုလူမျိုး များများရှိစေချင် (မြတ်မန္တလာထွန်းခရီးသည်တစ်ဦး)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page