မြဝတီမြို့မှာ ပျောက်ဆုံးနေတဲ့ (၇) နှစ်သားလေး ရှိတဲ့နေရာကို ဆရာလင်းညှို့တာရာ ဟောလိုက်ပြန်ပြီ

၁၁.၁၂.၂၀၂၂ ခုနှစ် မြဝတီမြို့ ၊ အမှတ်(၄) ရပ်ကွက် ၊ ရွှေဘုန်းပွင့် ၁၉ လမ်း ၊ မိုးမခဘုန်းကြီးကျောင်း၏ အနောက်ဘက်နေထိုင်သော အသက် (၇)နှစ်အရွယ် သားလေး မောင်ချစ်ချစ်တုံလေး ကို ရှာဖွေနေသူများ ပြန်လည်တွေ့ ရှိနိုင်ရန်အတွက် အစီအရင်လေးတစ်ခု ပြောကြားလိုပါသည်။

မိဘနှစ်ပါးမှာ အမေဖြစ်သူကတော့ ယမြန်နေ့ကပင် ကလေးဇောဖြင့် ဆုံးပါးသွားခဲ့ရပြီဟု သိရသဖြင့် ဝမ်းနည်းမိပါတယ်ဗျာ။ ကျန်ရှိနေသော ဖခင်ဖြစ်သူအနေနဲ့ ဘယ်လောက်တောင် ကြေကွဲဝမ်းနည်းနေမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ရင်တွေမောလှမိပါတယ်ဗျာ။

အခြေအနေလေးကတော့ “ကလေးငယ်လေးမှာ အားလွန်စွာ အားနည်းနေပါတယ်။ အသက်တော့ မသေသေးပေမယ့် ကလေးနဲ့မတန်စွာ လွန်စွာပင်ပန်း နွမ်းနယ်နေသော လက္ခဏာကို တွေ့ မြင်နေရပါတယ်။ လူတွေအနေနဲ့လည်း ပိုက်စိပ်တိုက် မရှာနိုင်သည့်အတွက်ကြောင့်လည်း နေအိမ်ရှိရာ၏ တော်တော်ဝေးဝေးကို လှမ်းနေတာကိုလည်း တွေ့ မြင်ရပါတယ်။ ပြန်တွေ့ နိုင်မည့် ရက်အပိုင်းအခြားကို မပြောပြပေးလိုပါ။ ဒါပေမယ့် အမေဖြစ်သူ ရက်လည်အတွင်း သတင်းတစ်ခုခု ကြားရတတ်ပါတယ်။

ရက်လည်အပြီး တစ်လအတွင်းမှာ ကလေးဖြင့်ပတ်သက်သော ထူးခြားသောကိစ္စများ ဖြစ်ပွားတတ်ပါတယ်။ လူပေါင်းများစွာ ကူညီမှ ပြန်တွေ့မှာပါ။ မတိုမရှည် ဝဝ လူကြီးတစ်ယောက်အနားမှာ ရှိနေသည်ဟု ခံစားမိနေပါတယ်။ အနားတွင် ဂိုထောင်ပျက်လိုမျိုး စက်ရုံပျက်လိုမျိုး တိုက်ပျက်လိုမျိုးအရာတစ်ခုခု ရှိနေပါတယ်။ ကြာကန်ရှိသောရေကန်တစ်ခုကလည်း မလှမ်းမကမ်းမှာ ရှိနေပါတယ်”

အဖေဖြစ်သူကတော့ ယတြာကို လုပ်နိုင်စွမ်းရှိနိုင်မည့်ဟု မထင်သည့်အတွက်ကြောင့် ကလေးကို သနားသောသူများအနေနဲ့ လုပ်ဆောင်သင့်သည်များကို ညွှန်ပြပေးပါမည်။ ဓာတ်ပုံလေးကိုကြည့်၍ ဝိုင်းဝန်းဆုတောင်းပေးကြပါ။ မြဝတီနယ်တစ်ဝိုက် နှင့် မဲဆောက်နယ်တစ်ဝိုက် ပတ်ဝန်းကျင်မှ လူများလည်း သတိကြီးကြီးထားပေးကြပါ။

“သားလေး မောင်ချစ်ချစ်တုံ ၏ တည်နေရာကို ပတ်ဝန်းကျင်မှ သနားကြင်နာစိတ်ရှိကြသောသူများ သတိထားမိစေရန်အတွက် ဆန္ဒာမာရတီမယ်တော်ကြီး ကောင်းစွာ ညွှန်ပြပေးတော်မူပါ။ ကလေး ၏ ပင်ပန်းနွမ်းနယ်မှုကို မယ်တော်ကြီး သိရှိတော်မူပါ၏ ဟု ယုံကြည်ပါတယ်။ ကလေးကို ဖခင်ဖြစ်သူဆီ ပြန်လည်ရောက်ရှိနိုင်ရန်အတွက် အင်အားကို ပေးတော်မူပေးပါ။ စောင့်ရှောက်ပေးပါ။ ကလေးဖြစ်သူကို ဝိုင်းဝန်းသတိထားမိကြ၍ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သောသူများ ရှိလာအောင် ဖန်တီးပေးပါ။ ကူညီပေးပါ။ အမေမယ်တော်ကြီး ၏ စွမ်းအားသည် လွန်စွာအင်အားရှိတော်မူပါ၏ ” ဟု ဆုတောင်းပေးကြပါလေ။

ကျွန်တော်လည်း သုံးရက်အတွင်း တွေ့အောင် ၊ သတင်းအစအနများ ရအောင်လို့ ဆိုင်ရာများကို တိုင်တည်၍ အကူညီတောင်းခံပေးနေပါတယ်ဗျာ။ ဖခင်ဖြစ်သူလည်း ဒီကနေ အားပေးစကားပြောလိုက်ရပါတယ်။ အားမလျှော့ပါနဲ့။ စိတ်ဓာတ်မကျပါနဲ့ဗျာ။ ကလေးကို တွေ့ရမယ်ဆိုတဲ့စိတ်လေးနဲ့ ရအောင် ကြိုးစားပြီး နေစေချင်ပါတယ်။ ထိုဖခင်ဖြစ်သူ၏ ပတ်ဝန်းကျင်ကလည်း ဖခင်ဖြစ်သူအား စောင့်ရှောက်ထားပေးလိုက်ပါဗျာ။ ဒီအချိန် ကူညီမှ မိတ်ဆွေစစ် ဖြစ်မှာမလားဗျာ။ မြန်မာလူမျိုးတွေပဲဗျာ ပစ်မထားကြပါနဲ့။ (လင်းညှို့တာရာ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page