ဝက်သားထဲမှာ ပါလာတဲ့ ထူးဆန်းတဲ့ အရာများ (လောဘသားတွေရဲ့ လုပ်ရပ်တွေများလား)

ဈေးဝယ် အက်ပလီကေးရှင်းတခုကနေ မှာယူလိုက်တဲ့ ဝက်သားတွေမှာ ထူးဆန်းတဲ့ အစိတွေ၊ အဖတ်တွေ ပါလာတာတံ အကြောင်းကို လူမှုကွန်ရက် အသုံးပြုသူတဦးက ရေးသားထားတာကို တွေ့ရပါတယ်။

အဆိုပါ ပို့စ်ထဲမှာတော့ ဈေးဝယ် အက်ပလီကေးရှင်း တခုကနေ ဝက်သားမှာယူလိုက်ကြောင်း၊ ဝက်သားထဲမှာ အစိတွေ၊ အဖတ်တွေ ပါလာကြောင်း၊ ဈေးထဲကလို ဝက်သား အတုံးလိုက် မဟုတ်ဘဲ ခုတ်ပြီးသား ဖြစ်နေပေမယ့် ပေးရတဲ့ ဈေးနဲ့ ပစ္စည်းကွာလတီက မကောင်းကြောင်း၊ သန့်ရှင်းမှု အားနည်းပြီး ကာစတန်မာကို အလေးမထားသလို ခံစားရကြောင်း၊ မှာတဲ့နေရာကတော့ ပြန်လဲပေးမယ်လို့ ပြောကြောင်း၊ ဝယ်ထားတဲ့ အသားကို စစ်ဆေးလို့ ရအောင် ပြန်ထည့်ပေးလိုက်မယ် ဖြစ်ကြောင်း ပါရှိပါတယ်။ အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေ ပေးထားတဲ့ မှတ်ချက်တွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်-

မှတ်ချက် (၁) – သန်ကောင်ပါတာလား၊ တခြားရောဂါလားပဲ၊ အသားနဲ့ထိတဲ့ ဒါး၊ စဉ့်တီတုံး၊ ဘူး၊ ပန်းကန်တွေ ဆပ်ပြာနဲ့ တထပ်ဆေးပြီး အရက်ပြန်နဲ့ပြန်စိမ် ပြီးရင် ပြန်‌ဆေးချရမယ်ထင်တယ်။ ပြုတ်လို့ရတဲ့ ဖန်တို့၊ ကြွေတို့၊ သံတို့၊ ဒန်တို့ဆို ပြုတ်လိုက်ပါလား အမ၊ လက်ကတော့ ဆပ်ပြာနဲ့သေချာဆေးပြီး လက်သည်းကြားထဲပါဆေး၊ လက်သည်းညှပ်ရင် ရမှာပါ။ လက်စွပ်လည်း အရက်ပြန်စိမ်ရမယ်ထင်တယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် စိတ်သန့်တာပေါ့။

မှတ်ချက် (၂) – မြန်မာပြည်က ဝက်သားတွေ စားရတာလည် းစိတ်မသန့်ပါဘူး။ ဝက်ကိုကျွေးတဲ့ အစာကိုက ထမင်းသိုးဟင်းသိုးတွေလေ။ ဝက်က ကျန်းမာနေတဲ့ဝက်တွေ မဖြစ်နိုင်တော့ဘူး။ ကိုယ်တွေစားပြီးသား အရိုးအရင်း ထမင်းကျန်ဟင်းကျန်သိုးနေတာတွေကို ဝက်စာဆိုပြီးကျွေးကြတာ။

ငယ်ငယ်တုန်းက ဝက်မွေးတဲ့သူတွေနား နေဖူးတယ်။ အိမ်တွေမှာ ဝက်စာပုံးတွေ လိုက်ချပေးထားတယ်။ အကုန်ပစ်ထည့်ထားဖို့။ ညနေဆို လိုက်သိမ်း ပြီးရင်ဝက်စာကျွေး။ ဝက်ခြံတွေမှာဆိုလည်း နံစော်လို့။ အဲဒါကြောင့် ဝက်တွေလည်း မသန့်ရှင်းတဲ့မကောင်းတဲ့အစာတွေ အမြဲစားနေရတေ ာ့ကျန်းမာရေးကောင်းလောက်မှာမဟုတ်ဘူး။ ရောဂါမျိုးစုံဖြစ်နေမှာ။ ကိုယ်တွေ မသိတာပဲရှိမှာ။ အခုတော့ ဝက်စာကို ဘယ်လိုကျွေးကြလဲမသိပါဘူး။

မှတ်ချက် (၃) – တကယ်တော့ ရောဂါမဟုတ်ပါဘူးဗျ။ ဒါတွေက ဝက်တွေ ကာကွယ်ဆေးထိုးတဲ့အခါမှာ ဆေးတွေက မကျေပဲ ပြည်လို အစိုင်ခဲတွေပါ။ လက်ရှိ ကျွန်တော်က ဂျပန်မှာ ဝက်သားစက်ရုံလုပ်ငန်းနဲ့ လုပ်ကိုင်နေတာပါ။ အခု ပုံပြထားတဲ့အရာက သေးပါတယ်။ ကျွန်တော်တို့ နေ့စဉ်တွေ့နေရတာတွေဆို အရမ်းကို ကြီးမားပါတယ်။ အသိပညာမျှဝေခြင်းပါနော်။

စာဖတ်သူများလည်း ဝက်သားထဲမှာ ပါတဲ့ အရာတွေကို ဘယ်လို ထင်ပါသလဲ။ ရောဂါ ကြောင့်လား၊ ကာကွယ်ဆေးကြောင့်လား၊ ဝိသမလောဘသားတွေရဲ့ ကြောက်စရာ ကောင်းတဲ့ လုပ်ရပ်လား၊ ထင်မြင်ချက် ပေးသွားပါဦးခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page