ပထမဆု ရရင် ဘုရားကျောင်းပျက်ကို ပြင်ပေးမယ်ဆိုတဲ့ ထိုင်းအမျိုးသမီး ထီ ပထမဆု ဆွတ်ခူး

ထီပထမဆု ဘတ် ၆ သန်းကံထူးလျှင် ကျောင်းပျက်တစ်ခုကို ပြန်လည်မွမ်းမံပြီး ခုတ်ထွင်ရှင်းလင်းမည့်လူ ငှားမည်ဟု နက်တာဝန် အကောင့်ပိုင်ရှင် ထိုင်းအမျိုးသမီးတစ်ဦးက ပို့စ်တင်ခဲ့ပြီးနောက် ထီဆုကြေညာသည့် ၁၇-၁၁-၂၀၂၂ ရက်နေ့တွင် ၁၂၁၇၈၉ ဂဏန်းကို အမှန်တကယ် ကံထူးခဲ့ကာ ဘတ် ၆ သန်းကံထူးခဲ့တယ်လို့ သိရပါတယ်။

ယင်းကျောင်းပျက်သည် ထိုင်းနိုင်ငံတောင်ပိုင်း ချွမ်ဖော်ခရိုင်မြို့နယ်တွင်တည်ရှိပြီး ချုံနွယ်ပိတ်ပေါင်း များဖြင့်ပြည့်နှက်နေ၍ မြင်တွေ့သူများက နှမျောစိတ်ဖြစ်ပြီး ပြန်လည်ပြုပြင်မွမ်းမံ စေလိုကြတယ်လို့ သိရပါတယ်။

သူမ အမှန်တကယ် ထီကံထူးသည်ကို သိရှိလိုက်ရသည့်နောက်တွင် အွန်လိုင်းအသုံးပြုသူများက အဆိုပါကျောင်းဟောင်းရဲ့ တန်ခိုးကြီးပုံကို အံအားသင့်နေကြတယ်လို့ သိရပါတယ်။

ထိုင်းပြည်သူများအနေနဲ့ ထီကံစမ်းရာမှာ သဘာဝလွန် အကြောင်းအရာ အများအပြားကို ယုံကြည်ကြပြီး ထူးခြားမှု တစုံတရာ တွေ့ရှိပါက ထီကံကောင်းတယ်လို့ နိမိတ်ကောက်ပြီး ကံစမ်းကြလေ့ ရှိပါတယ်။

လတ်တလောမှာ ဆုကြေး နည်းပါးပြီး အခွင့်အလမ်းနည်းတဲ့ မြန်မာ့အောင်ဘာလေထီကို မြန်မာပြည်သူများ စိတ်မဝင်စားကြတော့ဘဲ ထိုင်းထီကို ထိုးယူမှု များပြားနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page