ဂန္ထဝင်ရုပ်ရှင်မင်းသားကြီး ဝင်းဦး သရုပ်ဆောင်ကြမ်းလွန်းလို့ ဆင်ဆာအဖြတ်ခံရတဲ့ ရုပ်ရှင်ဇာတ်ကား
ဂန္ထဝင် စွယ်စုံရ ရုပ်ရှင်မင်းသားကြီး ဝင်းဦး သရုပ်ဆောင်ကြမ်းလွန်းလို့ ဆင်ဆာဖြတ်တောက်ခံရတဲ့ ရုပ်ရှင်ဇာတ်ကား တကား အကြောင်းကို ဖော်ပြလိုက်ပါတယ်။
“တပွင့်ထဲ ပန်မယ်” ရုပ်ရှင်ကားမှ ဆင်ဆာ ခွင့်မပြု လို့ ပြသရာတွင် မပါခဲ့သော ဇာတ်ဝင်ခန်း တစ်ခန်း
ဒါရိုက်တာ ဦးတင်ယု ရိုက်ကူးခဲ့သည့်…”တစ်ပွင့်ထဲ ပန်မယ်” အမည်ရှိ ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်း တစ်ခန်းပဲ ဖြစ်ပါတယ်။
ဒီဇာတ်ဝင်ခန်းကိုတော့ အင်းလျားလိတ်(Inyar Lake) ဟိုတယ်တွင် ရိုက်ကူးခဲ့တာဖြစ်ပြီး (ဦး)ဝင်းဦးနှင့် တွဲဖက်ပြီး သရုပ်ဆောင်ခဲ့သူမှာ ဟိုတယ်ရှိ နိုင်ငံခြားသူ ကချေသည်မလေးတွေပဲ ဖြစ်ကြပါတယ်။
ထိုဇာတ်ကားအား ပြသခွင့်တင်ရာတွင် ဆင်ဆာအဖွဲ့မှ အဆိုပါဇာတ်ဝင်ခန်းအား ခွင့်မပြုခဲ့သည့်အတွက် ပရိတ်သတ်အား ပြသရာတွင် ဖြတ်တောက်ခဲ့ရပြီး ထိုဇာတ်ဝင်ခန်းနှင့် ပတ်သက်၍ (Poster) ပိုစတာ အနေနဲ့သာ ကျန်ရစ်ခဲ့ပါတယ်။ (Reality Show)