ဝမ်းသာ ဝမ်းနည်း ဖြစ်နေရတဲ့ မြန်မာ့ဖရဲကုန်သည်တွေနဲ့ အစိုးမရတဲ့ တရုတ်ကုန်သွယ်ရေး စနစ်

တရုတ်နိုင်ငံထဲ ဝင်ရောက်သွားသော ဖရဲကား အချို့ ကုန်သွယ်ရေးစနစ် အပြောင်းအလဲကြောင့် ယနေ့ အထိ ဈေးကွက်သို့ တစ်စီးမှမရောက်သေးဘူးလို့ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ သိရပါတယ်။

မူဆယ် ၁၀၅ မိုင်ရှိ ခွာညိုသစ်သီးပွဲရုံက “ ဒီနေ့ ဒီဇင်ဘာ ၇ ရက်နေ့အထိ တရုတ်ကို ဝင်သွားတဲ့ ဖရဲကားအချို့ အခုထိ ဈေးကွက်ထဲ တစ်စီးမှ မရောက်သေးဘူး။ ရွှေလွယ်အင်ကုန်ချကွင်းအတွင်းရပ်နား စောင့်ဆိုင်းနေရသော ဖရဲသီး၊သခွားမွှေးများ အခြေအနေသိပ်မကောင်းဘူး။ဒီအထိရောက်ပြီးဖရဲကုန်သည်များနောက်ပြန်လှည့်ဖို့စိတ်မ ကူးချင်ကြတော့ (၁၀၅)မိုင်ဇုန် ဖရဲကားတွေတော့(၁၀ရာခိုင်နှုန်း) လောက်ပြန်လှည့်ဖို့ တာစူနေပြီ”လို့ ဆိုပါတယ်။

မြန်မာ-တရုတ်နယ်စပ်၏ အဓိကကုန် သွယ်ရေးဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပြီးနောက်ပိုင်း လက်ရှိတွင် ဝမ်တိန်ဘက် အခြမ်းသို့ ရောက်ရှိ နေသည့် ဖရဲကားများမှာ တရုတ်နိုင်ငံဘက်မှ အမှန်တကယ် ကုန်ကျ မည့် ကုန်ကျစရိတ် အခြေအနေများနှင့် အကောက်ခွန်စနစ်အပြောင်းအလဲကို စောင့်ဆိုင်းနေရသည့်အတွက် သစ်သီးအရောင်းကွင်းသို့ ရောက်ရှိနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ယင်းက“ တရုတ်ဖက်အကောက်ခွန်စနစ်ပြောင်းလဲမှုကြောင့်ကိုဗစ်စံထက်ပိုမိုကြာမြင့် သွားပြီး အရင်ဆုံးရောက်လာတဲ့ဖရဲ-သခွားများ ပိုမိုပျက်စီးမှုများနေရပါ တယ်။ ရွှေလွယ် အင် ကွင်းမှာ ရက်ကြာ ဖရဲများတရုတ်နိုင်ငံဖက်သို့ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေရပါတယ်။ အခု ဖရဲတွေကဖြင့်လမ်းကြောင်းတစ်ခုအတွက်ရှေ့ထွက်အနစ်နာခံရတယ်လို့ အကောင်းမြင် ပြောရတော့မှာပါ။ပထမဆုံးဝင်သွားတဲ့(၂၆)စီးအုပ်စု(၂)ရက်အတွင်းပြေလည်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ နောက်ချန်ဖရဲများအတွက်ချိန်းကားအခြေအနေစောင့်ကြည့်ရပါမယ်။” လို့ ပြောကြားထားပါတယ်။

တရုတ်ဘက်ကို ကွန်တိန်နာနဲ့ မဟုတ်တော့ဘဲ ရိုးရိုးကားနဲ့ တင်ပို့ရပြီး တချိန်လုံး ပြောင်းလဲနေတဲ့ တရုတ်ဘက်က ပေါ်လစီကို လိုက်လုပ်နေရတာကြောင့် အချိန်နဲ့ တပြေးညီ ဖြစ်မလာဘူးလို့ ဆိုပါတယ်။ တောင်သူတွေအနေနဲ့ လိုင်းပေါ်မှာတွေ့သမျှ သတင်းတွေ မယုံကြည်ဖို့၊ ပွဲရုံ ပွဲစားတွေနဲ့ အဆက် အသွယ်လုပ်ပြီးမှ တက်လာသင့်ကြောင်း တရုတ်ဘက်မှာ ၁ ကီလိုကို ၉ ယွမ်ရတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေပေမယ့် တရုတ် ပေါက်ဈေး မသိရသေးဘူးလို့ မနန်းခမ်းခင်က ပြောပါတယ်။

တရုတ်ဘက်က ပြောင်းလဲကောက်ခံလာတဲ့ အခွန်စနစ်ကြောင့် စောင့်ဆိုင်းနေရပြီး အချိန်ကြာနိုင်တဲ့အတွက် နောက်ထပ် မဆင်းလာ‌ကြဖို့ ခွာညိုသစ်သီးပွဲရုံကလ ညး အသိပေးကြေညာထားပါတယ်။ကို ဗစ် အကြောင်း ပြချက်နဲ့ နှစ်နိုင်ငံ သစ်သီးနဲ့ ပင်လယ်ထွက်ကုန် အဓိကကုန်သွယ်ရာ ကျင်းစန်း‌ဂိတ်ကို ဆေးဝါးပစ္စည်းကလွဲလို့ ဇူလိုင် လ ၈ ရက်နေ့ကစ ပိတ်ခဲ့ကာ နိုဝက်ဘာ ၂၆ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page