ဘယ်သူမှ ဂရုမစိုက်ခံရတော့တဲ့ ရတုဘုရင် နတ်သျှင်နောင်ရဲ့ အုတ်ဂူနဲ့ ကောက်ရိုးမီး စိတ်ဓာတ်များ

နတ်သျှင်နောင်သေတာက နှစ်ပေါင်း ၄၁၀ ကျော်ရှိပြီ။ သူသေတော့ အသက်က ၃၄ နှစ်အရွယ်။ အရွယ် ကောင်းလေး ကြွသွားတာ။ သူ့ညီ မင်းရဲကျော်ထင်က အခုလက်ရှိအုတ်ဂူကို အားနာပါးနာနဲ့တည်ပေးထားတာ။

သန်လျင်ကျိူက်ခေါက်ဘုရားနားမှာ အဲဒီအုတ်ဂူရှိတယ်။ နတ်သျှင်နောင်က ရုပ်ရည်လေးလည်း ချောတယ်၊ မသိရင် မော်ဒယ်ဟတ်ကတ်လိုလို ဘာလို ရုပ်ရည်မျိူး၊ ဆံပင်ကလည်းကောင်း၊ ဗလကလည်းတောင့်၊ ခါးတောင်းမြှောင်နေအောင် ကျိုက်ပြီး ခြင်းခတ်နေရင် ချင်းမိုင်က ယိုးဒယားမတွေက ချောင်းကြည့်ရလောက်တဲ့အထိကို ချောတာတဲ့။

သူကြိုက်တာက သူ့ထက် အသက် ၁၇ နှစ်ကြီးတဲ့ အဖွားကြီး ရာဇဓာတုကလျာမင်းသမီးကို ကြိုက်တယ်။ ဟိုအဖွားကြီးကလည်း ခေသူမဟုတ်ဘူး။ တောင်ငူမှာ နာမည်ကြီး၊ ဖလန်းဖလန်းထနေတာ ရုပ်ရည်ကတော့ အေသင်ကိုတို့လို လုံးကြီးပေါက်လှပါ။ ဝတ်တတ်စားတတ်တော့ လှတယ်။

သည်အဖွားကြီးက ဖေ့ဘုတ်က တမျိူး၊ မက်ဆေ့ဂျာက တမျိူး ဒီသူငယ်ကိုမြူနေတာ။ ဟိုကောင်က သူငယ် မနူးမနပ်လေးရယ် ရေတွင်းမှန်း ရေကန်မှန်း သိတဲ့ဟာမျိူး မဟုတ်ဘူး။ မမြင်ဘူးတော့ မူးကို မြစ်ထင်မှာပေါ့။ “ပူကြွေးတင်၍၊ မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည် ၊ ခုဖြင့် ဖြေရခက်သည်တကား။ “ဘာညာ အာ့လိုစာတွေ ပို့နေတာ၊ အဖွားကြီးက အဖီးတလိုင်း ညဘက်ဆိုမအိပ်ဘူး။ တစ်ညလုံး မီးစိမ်းနေရော ဟိုကောင်ကလည်း ဒါတွေကိုကြွေနေရော။

“ကြာညွှတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလှမ်းဝှန်၊ ရှိလိမ့်ဟန်ကို။ တိမ်စွန်လေလျင်၊ ဖူးရောက်ချင်သည်၊ ငှက်သွင်ပြန်ကြွ မတတ်သောဝ်” ဘာညာ သည်လိုစာနဲ့ အဖွားကြီးကို ဂျယ်လီကျွေးပြီး နူးနှပ်နေတာပေါ့။

စစ်ဘုရင်စာရေးဆရာ ရတုဘုရင်စာဆိုတော်ကြီးအုတ်ဂူလည်း အခုတော့ ဘယ်သူမှ အဖတ်မလုပ်တော့ဘူး အုတ်ဂူနားမှာလည်း လူ-ျီးအခြောက်တွေဆိုတာ မဲသဝေါမှာ မြေမြုပ်-ိုင်းထောင်ထားသလို ဒင်းကြမ်းဘဲ။ အရင်က ညဘက်ဆို အတွဲတွေ အချစ်ရည်လာလူးကြတယ်။ အဖော်တွေ လွှင့်ပစ်ထားတာမှ လတ်လတ်ဆတ်ဆတ် တွေချည်းဘဲ။

သည်လိုပါဘဲ လူ့ဘဝဟာ ခနလေးပဲ။ ဘယ်လောက်ပဲ နာမည်ဂုဏ်သတင်းကြီးကြီး တနေ့မြေကြီးထဲမှာ အဆုံးသတ်သွားကြတာပါပဲ။ အနော်ရထာတို့၊ ကျန်စစ်သားတို့ ဆိုရင် ဘယ်နေရာမှာ မြုပ်ထားမှန်းတောင် မသိတော့ဘူး။ မြန်မာတွေက တကယ့်ကောက်ရိုးမီးပါဆိုနေဗျာ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page