သိန်း ၄၀ တန် အိုင်ဖုန်းကို ကောက်ရလို့ ပြန်ပေးသူကို ငွေ ၂၀၀၀ ပဲ ပေးလိုက်တဲ့ အဖြစ်
တက်စီ ပေါ်မှာ ကျန်ခဲ့တဲ့ သိန်း ၄၀ နီးပါးတန်တဲ့ အိုင်ဖုန်းကို ယာဉ်မောင်းက ရိုးရိုးသားသား ပြန်ပေးတာတောင် ကျေးဇူးတင်စကား တခွန်းမပြောဘဲ ငွေ ၂ ထောင်ပေးပြီး လှည့်ပြန်သွားတဲ့အကြောင်းကို ဖော်ပြ ပေးလိုက်ပါတယ်-
ဒီနေ့ (၈-၁-၂၀၂၃) ကိုယ်တွေ့လေး တစ်ခု၊ ရန်ကုန်မြို့နယ်တခုမှာ သူငယ်ချင်း ၅ယောက် လက်ဖတ်ရည်ဆိုင်ထိုင်နေတုန်း အမ်စီယူ အသင်းသား ကိုမျိုးသူထံဖုန်းဝင်လာတယ်။
ဂရပ်တက်စီရုံးက ခရီးသည်ဖုန်းကျန်ခဲ့လို့တဲ့၊ ကားမောင်းသူလည်း ကားဆီကို အပြေးသွားကြည့်ရတယ်။ တွေ့တယ် အိုင်ဖုန်း ၁၄ ပရို ဖုန်းပိုင်ရှင်အစား ပျော်မဆုံးပေါ့။ ခဏနေလာယူမယ်ဟု ဆိုသဖြင့် ကားမောင်းသူစောင့်ရတယ်။
ဖုန်းပိုင်ရှင်လာယူတယ်။ ကားမောင်းသူအား ငွေကျပ်၂၀၀၀ ပေးတယ်။ ဘာစကားမှ မပြောဘူး။ ပြန်သွားတယ်။ အေးဆေးပဲ (ဖုန်းဘယ်လောက်တန်သည် မသိပါ)။
အမ်စီယူ ယာဉ်မောင်း ဘယ်လောက်ရိုးသားသည်ကို ပြောတာပါ။ ယာဉ်မောင်းကတော့ ဖုန်းပိုင်ရှင်ပေးတဲ့ ငွေ (၂) ထောင်ကျပ်ကို လက်ခံယူလိုက်တယ်။ စိတ်မကောင်းမှာစိုးလို့တဲ့။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)