မန္တလေးက ပျောက်သွားတဲ့ (၅) နှစ်သားလေးနဲ့ ပတ်သက်ပြီး ဆရာလင်းညှို့တာရာ ဒဲ့ဟောလိုက်ပြီ

၁၁.၁၂.၂၀၂၂ ခုနှစ် မန္တလေးမြို့. ၇၁လမ်း၃၀×၃၁လမ်းတွင် နေထိုင်သော အသက်(၅)နှစ်လေးလအရွယ် မောင်ဇွဲဝေယံထွန်း သားငယ်လေးအတွက်ပါ။

သားငယ်လေးကို ဖြားယောင်းသွေးဆောင်သွားသူမှာ အမျိုးသမီးတစ်ယောက်ခေါင်းဆောင်သော လူလေးယောက် ပါဝင်ပါသည်။ ယနေ့အချိန်ထိ သက်ရှိထင်ရှားရှိနေသေးပြီး မန္တလေးမြို့ ထဲမှာပင် ရှိနေတာကို ခံစားမိပါတယ်။ မြစ်အနီး ချောင်းအနီး ရေကန်အနီးအနားတွင်ရှိသော ပန်းခြံ ပန်းမန်များရှိသောအိမ်တစ်အိမ်ထဲတွင် လတ်တလောတည်ရှိနေကြောင်း ခံစားမိပါတယ်။

ခေါ်ဆောင်သွားသောအမျိုးသမီးသည် တရုတ်သွေးစပ်ပြီး အသားဖြူ၍ ပိန်ပိန်ရှည်ရှည်ဟု ခံစားမိပါသည်။ ရွေ့ပြောင်းမရသေးသဖြင့် မရွေ့ပြောင်းသေးတာကိုလည်း တွေ့ရပါသည်။ ယနေ့ ၁၅ ရက်နေ့ကနေ စပြီး နောက်ထပ် ခြောက်ရက်အတွင်း ကလေးနှင့်ပတ်သက်သော ထူးခြားမှု ရှိလာတတ်ပါတယ်။ ကလေးမှာ မေ့ဆေးပေးထားသကဲ့သို့ မျောနေသည့်လက္ခဏာမျိုး တွေ့ နေရသဖြင့် ပြေးပြေးလွှားလွှား ရှိနိုင်သောအခြေအနေမျိုးကို မခံစားမိပါ။

မိဘများအနေနဲ့ လုပ်ဆောင်သင့်သောယတြာများကို ပြောပြရမယ်ဆိုရင်ဖြင့် – သားလေးဖြစ်သူ ၏ အဝတ်အစားတစ်စုံအား အိုးတစ်လုံးထဲကို ထည့်ပေးပါ။ ထိုအိုးပေါ်တွင် လင်ပန်းတစ်ချပ်တင်ကာ ရေခွက်ခြောက်ခွက်တင်ပါ။ ရေခွက်သည် ကွဲလွယ်သောရေခွက်မဖြစ်ဘဲ စတီးခွက် ကြေးခွက် သတ္တုခွက်များ ဖြစ်ရပါ့မည်။

ထိုရေခွက်ထဲကို ရေထည့်၍ ” ဒီရေကို ဆန္ဒာမူရတီမယ်တော်အား ကပ်ပါ၏။ လက်ခံပေးတော်မူ၍ သားငယ်အား ကျွန်တော် ကျွန်မတို့ ရင်ခွင်ထဲကို ပြန်လည်ရောက်ရှိစေရန်အတွက် ကူညီပေးပါ။ အန္တရာယ်ကင်းဘေးရှင်းပြီး အဆင်ပြေပြေနဲ့ ပြန်ရောက်ရှိနိုင်အောင်ရော သားငယ်နှင့်ပတ်သက်သော သတင်းများ အချက်အလက်များ ရရှိနိုင်ရန်အတွက် ကူညီပေးတော်မူပါ ” ဟူ၍ ဆုတောင်းပေးပါ။ တစ်နေ့ကို သုံးကြိမ်တိုင်တိုင် လုပ်ပေးပါ။ လုပ်ပြီးသမျှ ရေခွက်ထဲက ရေကို ရေအိုးထဲကို သွန်ချ၍ ဆုတောင်းပေးပါ။

မိဘမဟုတ်သောသူများလုပ်ဆောင်သင့်သည့်မှာ ကောင်လေး ၏ ပုံကို ကြည့်၍ ” ကလေးကိုချစ်သောနတ်များ ငယ်ရွယ်ခြင်းကိုချစ်သောပုဂ္ဂိုလ်များစွာနှင့်တကွ ဆန္ဒာမူရတီမယ်တော်ကြီး စောင့်ရှောက်ပေးပါစေသား ဒီသားငယ်လေးအား မိသားစုနဲ့ အမြန်ဆုံးတွေ့ ဆုံရရှိစေရန်အတွက် ကူညီ၍ သတင်းကောင်းကြားရအောင် လမ်းကြောင်းဖွင့်ပေးနိုင်ပါစေ ” ဟူ၍ ဆုတောင်းပေးပေးပါလေဗျာ။

ကျွန်တော်လည်း ကျွန်တော်တတ်သောပညာဖြင့် အမြန်ဆုံးမိသားစုနဲ့ ဆုံတွေ့နိုင်ရန်အတွက်လည်း ဆိုင်ရာအစီရင်များ လုပ်ဆောင်ပေးနေပါသည်။ အဆင်ပြေကြပါစေ။ မိဘများကို ကိုယ်ချင်းစာလှသဖြင့် ကျွန်တော့်တတ်သော ပညာရပ်ဖြင့် ကူညီပေးခြင်းဖြစ်ပါသည်။ (လင်းညှို့တာရာ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page