စောင့်ရှောက်သူမရှိလို့ မကြာခင် အုတ်ပုံ ဖြစ်တော့မယ့်အလောင်းဘုရားဘုရင်ကြီးရဲ့ ဂူဗိမ္မာန်

စောင့်ရှောက်သူ မရှိဘဲ ပျက်စီးနေတဲ့ တတိယနိုင်ငံကို တည်ထောင်ခဲ့သူ ဦးအောင်ဇေယျရဲ့ သမိုင်းဝင် ဂူဗိမာန်၊ “သမိုင်းကို မသိရင် လူအပဲ” “သမိုင်းကို တန်ဖိုးမထားတတ်တာ ဖျောက်ပစ်တတ်တာ တို့မြန်မာလူမျိုးတွေလား”

မိမိရဲ့ အားလပ်ရက်လေးမှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ကင်းရွာမှာ ရှိတဲ့ သရက်တော ကျောင်းတိုက်နားက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျအုတ်ဂူလို့ ကြားဖူးတာနဲ့ ဝင်ရောက်လေ့လာခဲ့မိတယ်။

အုတ်ဂူသည်ကား အတော်ပျက်စီးနေပါပြီ။ ရှေးလက်ရာ မင်းသမီးရုပ် နတ်ရုပ် မြွေရုပ် လိပ်ရုပ် စသည်ဖြင့် အရုပ်များမှာ ခေါင်းများပင် မရှိတော့ချေ။ ရာသီဥတုဒဏ် ကာလရွေ့လျားမှု ဒဏ်များက အုတ်ဂူကို အတော်ကို ပျက်ဆီးစေခဲ့လေပြီ။

မြန်မာတွေ ထိုင်းနဲ့ ဘောကန်ရင် ဦးအောင်ဇေယျကို “တ” ကြတယ်။ နိုင်ပါလိမ့်မယ် အားကြီးကြီး ။ မနိုင်ရတဲ့ အကြောင်းရင်းကို ခုမှ သိတော့တယ်။ သူ့ကို တန်ဖိုး မထားဘဲ “တ” နေမှတော့ ရမယ် မထင်။ သမိုင်းကို တန်ဖိုးထားကြပါဗျာ။ တာဝန်ရှိသူများ ထိန်းသိမ်းပေးကြပါ။

ထိုင်းမှာ အယုဒ္ဓယ မြို့ဟောင်းကို သေချာထိန်းသိမ်းထားမှုတွေထဲမှာ ဦးအောင်ဇေယျနှင့် ပတ်သက်တာတွေ အကုန် နဂိုအတိုင်းပဲ။ သူတို့လူမျိုးတွေရဲ့ သမိုင်းကို တန်ဖိုးထားမှုက တို့လူမျိုးတွေနဲ့ ဘာမှမဆိုင်ဘူး။ ဦးအောင်ဇေယျကို ထိုင်းတွေ ရှုံးခဲ့တာကို ခုထိ သူတို့ မျိုးဆက်သစ်တွေကို အားလပ်ရက်မှာ တကူးတက လိုက်ပြတုန်း။ အရှုံးသမား ဖြစ်ရတဲ့ ဘဝကို မမေ့ဖို့ပေါ့။

တို့လူမျိုးတွေက နိုင်ခဲ့တာပါ။ ပိုပြီး ဂုဏ်ယူ ဝံ့ကြားစွာ တန်ဖိုးထား ထိန်းသိမ်းသင့်တာပါ။ ဒါမှ တို့မျိုးဆက်သစ်တွေကို သမိုင်းဝင် ခေါင်းဆောင်တစ်ဦးရဲ့ စိတ်ဓာတ်တွေ ဖြစ်ပေါ်လာစေဖို့ အားကျစရာပဲ မဟုတ်ပါလော။ ခုတော့ ခုတော့ ဘာမှ မပြောချင်တော့ပါပြီ။

သမိုင်းကို တန်ဖိုးမထားတတ်တဲ့ ကိုယ့်မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ကိုပဲ ပြေးမြင်မိတော့တယ်။ အားလုံး ခေါင်းဆောင်ကောင်း တစ်ဦးရဲ့ စိတ်ဓာတ်ကို အတုခိုးနိုင်ပြီး သမိုင်းကို တန်ဖိုးထားတတ်ပါစေလို့သာ တိုက်တွန်းပါရစေ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page