အင်္ဂလိပ်ခေတ်နဲ့ ယခုခေတ် ဘယ်ခေတ်မှာ မြန်မာ့သစ်တောတွေ ကုန်ခဲ့လည်းဆိုတဲ့ မေးခွန်းရဲ့ အဖြေ

ကိုလိုနီခေတ်မှာ ဗြိတိသျှတွေက ဘုံဘေဘားမား ကုမ္ပဏီနဲ့ မြန်မာ့သစ်လုပ်ငန်းကို တကယ်ပဲ ဂုတ်သွေးစုပ်ခဲ့တာလား။ ငယ်ငယ်က သင်ခန်းစာတွေထဲမှာ သင်ရတာတော့ ဗြိတိသျှတွေက ဘုံဘေဘားမားကုမ္ပဏီနဲ့ မြန်မာ့သစ်လုပ်ငန်းကို ဂုတ်‌ေ-ွးစုပ်ခဲ့တာဆိုဘဲ။

နည်းနည်းကြီးလာတော့ လေ့လာမိတာတော့ အင်္ဂလိပ်တွေက မြန်မာသစ်တောတွေကို တိုင်းတာပြီး သစ်တောကြိုးဝိုင်းအဖြစ် အများကြီး သတ်မှတ်ခဲ့တယ်။ ကျွန်းပင်နဲ့ ပတ်သက်တဲ့ ဥပဒေကို သူတို့ရေးဆွဲခဲ့တာ ကြည့်ဦး၊

“လုံးပတ် သတ်မှတ်ဆိုဒ် ပြည့်မီတဲ့ သက်တမ်း နှစ် ၃၀ ရှိတဲ့ ကျွန်းပင်ကိုသာ ခုတ်ရမယ်။ ခုတ်မယ့်ကျွန်းပင်ကို သတ်မှတ် စစ်ဆေးပြီး သင်းသ-တ်ပြီးရင် အဲ့ဒီကြိုးဝိုင်းထဲမှာ ကျွန်းပင်အသစ် ၁၀ ပင် စိုက်ရမယ်။ စိုက်ထားတဲ့ ကျွန်းပင်အသစ် ၁၀ ပင်လုံး ၂ နှစ်ကောင်းကောင်း ရှင်မှ သင်းသ-တ်ထားတဲ့ အပင်ကို ခုတ်လှဲခွင့်ပြုတယ်”

အဲ့ဒီတုန်းက သူတို့ သတ်မှတ်နိုင်ခဲ့တဲ့ ကြိုးဝိုင်းဧရိယာနဲ့ သစ်ထုတ်လုပ်နှုန်းအတိုင်း သွားရင် ပထမဆုံး ခုတ်ခဲ့တဲ့နေရာ ပြန်ရောက်ဖို့ နှစ် ၃၀ ကြာမယ်။ အဲ့ဒီအချိန်ဆို အဲ့ဒီကြိုးဝိုင်းမှာ ပထမ ထုတ်ခဲ့တဲ့ အရေအတွက်ထက် ၁၀ ဆ ပိုထုတ်နိုင်နေပြီ။

လွတ်လပ်ရေး ရပြီးတော့ မဆလ ခေတ်တစ်လျှောက်အထိပါ အဲ့ဒီ အင်္ဂလိပ် ပြဋ္ဌာန်းခဲ့တဲ့ သစ်တောဥပဒေကိုဘဲ လိုက်နာခဲ့တယ်။ ဒါပေမယ့် ဗမာအစိုးရတွေ လက်ထက်မှာ ပြည်တွင်းစ-စ်တွေ စဖြစ်တော့ သစ်စက်ရှိရာ သစ်လုံး လာမလား။ သစ်လုံးထုတ်ရာ သစ်စက်သွားမလားဆို ဆုံးဖြတ်ကြတော့ လုံခြုံရေးကြောင့် သစ်စက်ရှိရာ သစ်လုံးလာရမယ်ဆိုတဲ့မူကို ချမှတ်ခဲ့တယ်။

အဲ့ဒီကစမှားတဲ့ သစ်ထုတ်လုပ်ငန်း စားရိတ်စားခ တက်တဲ့အပြင် သစ်လုံးမှောင်ခိုဆိုတာလည်း ပေါ်ခဲ့တယ်။ နောက်ပိုင်း ခိုးထုတ်သူက ခွဲစက်အငယ်တွေ တောထဲမှာ တည်ထုတ်တော့ အစိုးရထက် သယ်ယူပို့ဆောင်ရေး လွယ်နေပြန်တဲ့အတွက် ထုတ်လုပ်အားလည်း ပိုကောင်းနေတယ်။

တစ်ခါ ခွဲသားအသစ် သယ်တာကို ဖမ်းပြန်တော့ ပဲခူးရိုးမပေါ်တင် တိုင်တွေနဲ့ အိမ်လို စရွေးဆက်ဆောက်၊ တစ်နှစ်လောက် ပစ်ထားပြီးမှ အိမ်ဟောင်းပြောင်းရွှေ့ဆို သယ်ရောင်းတဲ့ ဈေးကွက် ဖြစ်လာပြန်တယ်။ အဲ့ဒါအပြင် မီးသွေးဖုတ်တာလည်း ရှိသေးတယ်။ ဒါတွေက ပြည်တွင်းက လူတွေပဲ တနိုင်တပိုင် လုပ်စားနေကြတော့ တောပြုန်းတဲ့အထိတော့ မဖြစ်ခဲ့ဘူးဖူး။

အဲ နဝတ လက်ထက်လည်းရောက်ရော၊ သစ်တောဝန်ကြီးဆိုတာက “အသစ်ကလေးတွေ တောထဲ ခေါ်သွားတာလောက်ပဲ သစ်တော” ဆိုတာ သိတဲ့ဗိုလ်ချုပ်တွေ ဖြစ်လာ၊ ပတ်သက်ရာ စည်းပွားရေးသမားတွေရဲ့ တောင်းဆိုမှုကလည်း များလာတော့ အင်္ဂလိပ် ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကိုတောင် “သက်တမ်း နှစ် ၃၀ မပြည့်သော်လည်း လုံးပတ်ပြည့်မှီသည့် သစ်များကို ခုတ်ခွင့်ပြုသည်” လို့ ပြင်ရေးခိုင်းတာ သစ်တောပညာတတ်တဲ့ ညွှန်ချုပ်က မပြင်နိုင်ဘူး ငြင်းလို့ ညွှန်ချုပ်ပါ တပ်ကလူနဲ့ အစားထိုး ပြင်ပစ်တယ်။

အဲ့ဒီနောက်ပိုင်းကတော့ အားလုံးသိတဲ့အတိုင်းဘဲ၊ စီအန်အေ မှာ ပြသွားတဲ့ Documentary မှာ မြန်မာပြည်ဘက်က သစ်ဝယ်တဲ့ တရုတ်သူဌေးကို အင်တာဗျူးထားတာလေး “ဗမာပြည်က သစ်ဝယ်ရတာ အရမ်းအဆင်ပြေတယ်။ ဘာစာရွက်စာတမ်းမှ မလိုဘူး၊

ကိုယ်ဝယ်ချင်တဲ့ သစ်တောကိုကြည့်၊ အဲ့ဒီအပိုင်းကို ဘယ်လ-က်န-က်ကိုင်အဖွဲ့က ပိုင်လည်း၊ အစိုးရတပ်လား၊ တိုင်းရင်းသားတပ်လား၊ သိပြီဆိုရင် သူတို့နဲ့ ဈေးဖြတ်ပြီး တောင်အလုံးလိုက် ဝယ်လိုက်တာ။ ပြီးရင် ကိုယ့်ဟာကိုယ် ဝင်ခုတ်၊ နယ်စပ်ဖြတ်တဲ့အထိ တောက်လျှောက် ပိုက်ဆံပေးသယ်ရုံဘဲ” တဲ့။

ပြောပြန်ရင်လည်း အမေကျော် ဒွေးတော် လွမ်းတယ်တို့ ဖြစ်ဦးမယ်။ မူရင်း မြန်မာ့ရှေးဟောင်းပုံရိပ်သမိုင်းများ ထံမှ ပြန်လည် မျှဝေပါသည်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page