ဝိုင်ဘီအက်စ် စီးတဲ့ ပြည်သူတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲများ (နားရှိတဲ့သူတွေ ကြားကြပါစေ)

ဝိုင်ဘီအက်စ်ကို နေ့စဉ်စီးနင်းနေကြတဲ့ ပြည်သူတွေရဲ့ အသံကို ဖော်ပြပေးလိုက်ပါတယ်။ တာဝန်ရှိသူလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားကြသူများ ကြားနိုင်ကြပါစေဗျာ-

ပြည်သူ (၁) – မှတ်တိုင်မှာ စောင့်နေတာကို မရပ်ပေးဘဲ ပြိုင်မောင်းပြီး ကျော်တက်တာပါ။ လူက ပြေးလိုက်ပေမဲ့ ကားက မီးပွိုင့်ရှေ့ရောက်သွားတော့ တံခါးမဖွင့်ပေးပါဘူး။ ရဲရှိလို့တဲ့ရှင်။ ဘာလို့မှတ်တိုင်မှာ မရပ်တာလဲ ကျွန်မ တားတောင် တားတာပဲဆိုပြီး ရန်ပဲပြန်တွေ့နိုင်ခဲ့တာပါ။ ရုံးသမားမို့ နောက်တစ်စီးစောင့်ဖို့လည်း အဆင်မပြေပါဘူးရှင်။ တကယ် အရမ်းကို လူပါးဝခံရသလို ခံစားရပါတယ်။ ဘေးတန်းပေါ် ထိုင်နေတဲ့ မိန်းမကပါ ရန်တွေ့ချင်သလိုတွေ ပြန်ပြောတာပါ။

စီးမဲ့သာစီးနေရတာ ခါးပိုက်နှိုက်ကပေါ။ ကားသမားတွေက ဟိုငေါက်ဒီငေါက်နဲ့မို့ အင်တင်တင်နဲ့ စီးနေရတဲ့ YBS 14 ပါ။ သက်ဆိုင်သူတွေ မြင်ပြီး နောက်ကျဒီလိုမဖြစ်အောင် ဂရုစိုက်ပေးချင်ပါတယ်။ အားလုံးလည်း လမ်းခရီးအဆင်ပြေကြပါစေရှင်။

ပြည်သူ (၂) – 38 လည်း ထိုနည်းပါပဲ။ တစီးကိုမှ ၁၅ မိနစ်နေမှလာတာ၊ ရှေ့မှာ အကြာကြီးစောင့်နေတာ မှတ်တိုင်ရောက်တော့လည်း မရပ်ပေးဘဲ တားနေတာတွေ့ရက် ဆက်မောင်းသွား၊ လူကတော်တော်ဒေါသထွက်ပြီး နံပါတ်တောင်မှတ်ထားလိုက်သေး။ မတိုင်ဖြစ်လိုက်လို့သာ နောက်ပိုင်းအကျင့်ပျက်လာ အဲ့ယာဉ်လိုင်းတွေ။

ပြည်သူ (၃) – YBS 59 က တချို့ကားသမားတွေလဲ အဲ့အတိုင်းပဲ။ သုဝဏ္ဏစျေး မှတ်တိုင်မှာ ဘယ်တော့မှ မရပ်ဘူး ရုံးချိန် နီးနေလို့ ထပ်စောင့်လို့ မရတော့တာကို လူပြည့်နေတယ်ဆိုလဲ ကားမရပ်တာ လက်ခံလို့ ရသေးတယ်။ တချို့ကားသမားတွေကျ ရုံးချိန်မို့ သည်းခံစီးကြပါပြောတော့ တော်သေးတယ်။ သုဝဏ္ဏကနေ သခင်မြပန်းခြံကို တဆင့်ထဲရောက်တာ YBS 59 တစ်စီးပဲ ရှိတာကို ကားမရပ်ပေးတာတော့ ရုံးသမားတွေအတွက် အဆင်မပြေပါဘူး။

ပြည်သူ (၄) – 58 တွေလည်းအတူတူပဲ။ သူရပ်ပေးချိန်တက်မှ မဟုတ်ရင် ပြေးလာနေတဲ့သူမြင်လည်းရပ်မပေးဘူး။ မှတ်တိုင်က ထွက်မလို့ ကားတံခါးပိတ်ခါစကိုနော် တခါတလေ နှစ်စီးပြိုင်လာပြီး မစီးလိုက်ရတာကရှိသေး တစီးတစီး စောင့်ရတာလွယ်တာ မဟုတ်ဘူးအကြာကြီး။ ပိုဆိုးတာကလေ ဘေးမှာ မယားပါရင်တမျိုး၊ မယားမပါရင်တမျိူး ကားကို တမျိုးမောင်းနေတာ ခရီးသည်တွေ အဆင်ပြေဖို့မဟုတ်ဘူး သူတို့ အဆင်ပြေဖို့အတွက်မောင်းနေသလိုမျိုးပဲ။

ပြည်သူ (၅) – အမှန်ပါပဲ ၁၄ အချိုးမပြေနေတာကြာပါပြီ။ ရုံးချိန်ကြီးမောင်းတယ် လမ်းဘေးကပ်ပြီး မီးပွိုင့်တိုင်းမိအောင် တအိအိသွားတာ ဘေးက ကားသေးလေးတွေကပါ စိတ်မရှည်လို့ ကျော်တတ်သွားတဲ့အထိ ကိုယ့်အတွေးနဲ့ကိုယ်မောင်းနေတဲ့ ကားသမားရယ် (ဘယ်လောက်စောထွက်ထွက် နောက်ကျပြီပဲ အဲ့ကားသမားတွေနဲ့တွေ့ရင်) ရုံးဆင်းချိန်ကျတော့ ဘာချိန်းလို့ ချိန်းထားမှန်းမသိ အသေအလဲမောင်း။ ဘရိတ်ကိုဆောင့်ဆာင့်အုပ်တဲ့ ကားသမားရယ် (လက်တန်းသာကိုင်ထား လက်လွတ်တာနဲ့ ‌ေ-သပြီပဲ)။ ၁၄ အတွေ့အကြုံတွေ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page