ခရိုနီ ဦးတေဇကို အမေရိကန်က ထပ်မံပိတ်ဆို့ အရေးယူလိုက်ခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်း

စစ်ကောင်စီခန့် တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ အကျင့်ပျက်ခြစားမှု ကော်မရှင်ဥက္ကဋ္ဌ၊ ဦးတေဇနှင့်သားသမီး ၂ ဦး၊ ဂျော်နသန်မျိုးကျော်သောင်း၊ စီးပွားရေးကုမ္ပဏီ ၁ ခု၊ စစ်တပ်ဌာန ၁ ခုတို့ကို အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူလိုက်ပြီး ဗြိတိန်နှင့်ကနေဒါ ပူးပေါင်းပါဝင်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် အမေရိကန် နိုင်ငံခြားရေး ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က လူပုဂ္ဂိုလ်ခုနစ်ဦးနှင့် မြန်မာစစ်တပ်နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းနှစ်ခုကိုအရေးယူ လိုက်ကြောင်း သိရှိရပါတယ်။

အမေရိကန်အစိုးရက အရေးယူလိုက်သူများမှာ ပြည်ထောင်စု ရှေ့နေချုပ် သီတာဦး၊ တရားသူကြီးချုပ် ထွန်းထွန်းဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) ၏ ဥက္ကဋ္ဌ တင်ဦး၊ တေဇ၊ ဂျော်နသန်မျိုးကျော်သောင်း၊ ထူးထက်တေဇ နှင့် ပြေဖြိုးတေဇတို့ ဖြစ်ကြောင်း သိရှိရပါတယ်။

အာဏာသိမ်းပြီး တနှစ်ကြာတဲ့ အချိန်အထိ ဗြိတိန်နဲ့ ကနေဒါတို့လို့ မဟာမိတ်တွေနဲ့အတူ အမေရိကန်နိုင်ငံဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်လို့ အမေရိကန်အစိုးရ အရာရှိကြီး တဦးက ပြောကြားလိုက်ပါတယ်။

ဦးတေဇကို ၁၉၆၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ရန်ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) မှ ဆယ်တန်း အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဆယ်တန်းအောင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပါတယ်။

ဒါပေမယ့် ကြို့ပင်ကောက်မြို့မှ ထူးဆန်စက်ပိုင်ရှင် ဦးဇော်ညွန့် နှင့် ဒေါ်ထူးတို့၏ သမီး မသီတာဇော်နှင့် နှစ်ဖက်မိဘများ သဘောမတူသည့်ကြားမှ လက်ထပ်လိုက်တဲ့အတွက် စစ်တက္ကသိုလ်မှ ထွက်ခဲ့ရပါတယ်။

အဲဒီနောက်မှာ စစ်အာဏာရှင်များနဲ့ ပူးပေါင်းပြီး လက်နက်ပွဲစားလုပ်ခြင်း၊ သစ်လုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်ခြင်းဖြင့် မြန်မာပြည်မှာ အချမ်းသာဆုံး စာရင်း ဝင်ခဲ့ပါတယ်။

ဦးတေဇဟာ သူ့ရဲ့ ပိုင်ဆိုင်မှု မည်မျှ ရှိသည်ကို မည်သည့်အခါကမျှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page