သတင်းစာထဲက ထူးဆန်းတဲ့ ဝှက်စာကြော်ငြာတခုရဲ့ တကယ့် အဓိပ္ပာယ် (ကိုနှင်းမောင် ရှင်းတဲ့အတိုင်းပါပဲ)

သတင်းစာထဲမှာ ထူးထူးဆန်းဆန်း ပါလာတဲ့ လျှို့ဝှက်ကြော်ငြာတခုရဲ့ အဓိပ္ပာယ်ကို ဖော်နိုင်ခဲ့သူ တဦးက ရှင်းပြထားတာကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်၊ ဝှက်စာဖော်ပုံကတော့ ဆားပုလင်းနှင်းမောင် ဖော်တဲ့ အတိုင်းပါပဲဗျာ-

ပြည်သားတို့ရေ သစ်ခိုးရောင်းမလို့ ဝှက်စာနဲ့ လေလံပစ်တဲ့ကြော်ငြာ…. သူ့ထဲမှာရေးထားတဲ့ 900 in ဆိုတာက လက်မ ၉၀၀ ပေနဲ့ဆို ခုနှစ်ပေခွဲအရှည်ရှိတဲ့သစ်လုံး ပင်ကျပ်ခုတ်ထားတဲ့ ယောင်တုံးတွေနေမှာပေါ့…

(20) Patterns ဆိုတာ စံချိန်မှီတဲ့ ပေ ၂၀ အရှည်သစ်လုံးကြီးတွေ ခွဲပြီးသားတွေလည်း ဖြစ်နိုင်ပါတယ်… ဦးနေဝင်းဆိုတာက သူမွေးတဲ့ ပေါက်ခေါင်းကို ညွှန်းတာ ခပေါင်းဆိုတာက ခပေါင်းကြိုးဝိုင်းသစ်တော ပြည်ခရိုင် ပေါက်ခေါင်းအပိုင် ခပေါင်းကြိုးဝိုင်းတောပေါ့…

မြက်စားတယ် နွားနဲ့ အတိုင်အလှည့်ဆိုတာက ကျွဲဗျ၊ မြက်မစားတာက ကားပေါ့ဗျာ…. အားလုံးခြုံ ပြောရရင် ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ခပေါင်းကြိုးဝိုင်းသစ်တောထဲမှာ ခုနှစ်ပေခွဲအရှည် ယောင်တုံးတွေနဲ့ ပေ ၂၀ သစ်လုံးကြီးတွေ ရောင်းဖို့ရှိတယ်…

ယောင်တုံးတွေလိုချင်ရင် ကိုယ့်ဘာသာ တောထဲအထိဝင်ပြီး သစ်တွေကို ကျွဲနဲ့ဆွဲယူသွားရမယ်… ပေ ၂၀ သစ်လုံးတွေကိုတော့ ကားဝင်လို့ရတဲ့နေရာအထိရွှေ့ထားပြီး အလွယ်တင်သွားလို့ရအောင် စီစဉ်ပေးမယ်…

အပေါ်ဆုံးမှာ (20) Patterns ကို ၂၀ ပုံစံသက်သေခံဆိုပြီး မလိုအပ်ဘဲ ထပ်ပြီးဘာသာပြန်ထားတော့… ဒီ ပေ ၂၀ သစ်ကြီးတွေကို ကားနဲ့သယ်သွားရာမှာ အဆင်ပြေစေဖို့ လိုအပ်တဲ့ တရားဝင်အထောက်အထားနဲ့ စာရွက်စာတမ်းတွေ အားလုံးပါတဲ့သဘောဗျ…. ရိုးလို့

မူရင်းရေးသားသူအား လေးစားမှုဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page