အနန္တစကြာဝဠာရဲ့ အနားစွန်းအထိ ဆက်သွားမယ့် အာကာသယာဉ် ညီနောင်တို့ရဲ့ ခရီးကြမ်း

ဗွိုင်ယေဂျာ (မြန်မာလို နယ်မြေသစ်သို့စွန့်ဦးစူးစမ်းသွားလာသူ) ဆိုတဲ့ ၁၉၇၇ ခုနှစ်က လွှတ်တင်ခဲ့တဲ့ အပြောကျယ်လှတဲ့ စကြာဝဠာထဲ တစ်ကိုယ်တည်း ခရီးနှင်နေတဲ့ စူးစမ်းရေးယာဉ်ပျံလေးအကြောင်း သင်ကြားဖူးပါသလား

ဗွိုင်ယေဂျာဟာ နာဆာ ရဲ့ အပြောင်မြောက်ဆုံး လက်ရာတစ်ခုဆိုလည်းမမှားပါဘူး။ သူရဲ့ခရီးစဉ်ဟာ အခုချိန်မှာ နေအဖွဲ့အစည်းကိုကျော်လွန်ပြီး မစ်ကီးဝေး စကြာဝဠာအမှောင်တိုက်ထဲ တကိုယ်တည်းမမှုဘဲ ဆက်လက်သွားလာနေပြီဖြစ်ပါတယ်။

ဗွိုင်ယေဂျာလေးဟာ ခုဆိုရင် ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့မှာ အာကာသထဲ ခရီးနှင်နေခဲ့တာ ၄၅ နှစ်ပြည့်ခဲ့ပြီဖြစ်တယ်။ ဗွိုင်ယေဂျာလေးမှာ မွေးချင်းဖြစ်တဲ့ ဗွိုင်ယေဂျာ ၂ လေးဟာလည်း ဩဂုတ် ၂၀ ရက်နေ့က ၄၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

အခု ဗွိုင်ယေဂျာ ၁ လေးဟာ Ophiuchus ကြယ်စင်စုကို ဦးတည်နေပြီး ကျွန်တော်တို့ မစ်ကီးဝေး စကြာဝဠာရဲ့ အလည်ကို ရောက်ရှိနေပြီဖြစ်တယ်။ ၂၀၂၅ ခုနှစ်ရောက်ရှိရင်တော့ ဗွိုင်ယေဂျာ နှစ်ခုလုံးမှာရှိတဲ့ ကိရိယာအားလုံး အလုပ်လုပ်ခြင်း ရပ်ဆိုင်းသွားမှာ ဖြစ်ပြီး ပင်လယ်ထဲက စာထည့်ထားတဲ့ ပုလင်းတစ်လုံးလို မျောချင်ရာမျောပြီး လုံးဝအဆက်အသွယ်ပြတ်တောက်သွားတော့မှာ ဖြစ်တယ်။

ဗွိုင်ယေဂျာလေးမှာ golden record ဆိုတဲ့ ရွှေအတိနဲ့လုပ်ထားတဲ့ အသံဓာတ်ပြားလေးပါပါတယ်။ အဲဒီ ဓာတ်ပြားမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ နှုတ်ဆက်မိန့်ခွန်း၊ အမေရိကန်သမ္မတရဲ့ နှုတ်ဆက်မိန့်ခွန်း အဲဒီခေတ်ကကျော်ကြားတဲ့သီချင်းတွေနဲ့ ကမ္ဘာ ပေါ်က လူမျိုးစုတွေရဲ့ နှုတ်ဆက်စကားတွေလည်းပါပါတယ်။

အကယ်၍ ဗွိုင်ယေဂျာ ၁ လေးဟာ ကံကောင်းထောက်မစွာဖြင့် အသိညဏ်ရှိ တိုးတက်မှုရှိတဲ့ ဖြစ်တည်မှုအဖွဲ့အစည်းတစ်ခုခုကများ တွေ့ရှိခဲ့လို့ ရှိရင်ဖြင့် ကျွန်တော်တို့ မိခင်ဂြိုလ်ရှိတဲ့ နေအဖွဲ့အစည်းတည်နေရာ တွေပါထည့်သွင်းဖော်ပြထားပါတယ်။

ဗွိုင်ယေဂျာ ၂ ကတော့ သူ့မွေးချင်းလောက် စုံစုံလင်လင်မပါပေမယ့်လည်း သူ့မှာလည်း ရွှေဓာတ်ပြားလေး ပါပါတယ်။ နောက်ဆုံးဆက်သွယ်မှုကတော့ ၂၀၂၁ ခုနှစ်ကဖြစ်ပါတယ်။ ဗွိုင်ယေဂျာ ညီနောင်ဟာ လူသားတွေ မျိုးသုဉ်းသွားခဲ့သည် ရှိရင်တောင်မှာ အဆုံးအစမဲ့ အာကာသထဲ ဆက်လက်ခရီးသွားနေဦးမှာ ဖြစ်ပါတယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page