တရုတ်တန်း ရေခဲသုပ် ဆိုင်ရှင်နဲ့ ပြည်သူတွေကို အောင်ဝေဖြိုး ကန်တော့ချိုးနဲ့ တောင်းပန်ပြီ

မသင့်တော်တဲ့ အပြုအမူတွေ ပြုလုပ်ပြထားတဲ့ ဗီဒီယိုတွေ တင်ထားတဲ့ မာစတာချက် ပြိုင်ပွဲဝင်ဟောင်း အောင်ဝေဖြိုးဟာ သူ့ရဲ့ မလျော်ကန်တဲ့ အပြုအမူအတွက် ရေခဲသုပ်ဆိုင်ရှင်နဲ့ ပြည်သူတွေကို ပြန်တောင်းပန်လိုက်ပါပြီ။ တောင်းပန်မှု အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်-

“ဆိုင်ရှင်ထံနှင့်အများပြည်သူအတွက်တောင်းပန်စကားပြုပါတယ်” ကျွန်တော်အောင်ဝေဖြိုး လုပ်ရပ်အမှား အမှိုက်ပုံးထဲပြစ်မိတဲ့အတွက် ပထမဆုံးအများပြည်သူနှင့် ဆိုင်ရှင်ထံသို့ ကန်တော့ပြီးတောင်းပန်ပါတယ်။

အမှားတစ်ခုကို ခံယူပြီးနောက်ဆို ခုလိုကိစ္စမျိုးမဖြစ်အောင် အမှန်ကို ပြုပြင်ပါမယ်။ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ဗီဒီယိုအတွက်လူတစ်ဦးချင်းစီအပေါ် ကျေနပ်တဲ့အထိ တောင်းပန်ပါတယ်။

ဆိုင်တွေရဲ့ စီးပွားကို ကျဆင်းစေမယ့် စိတ်မျိုးမဟုတ်ပဲ အစားအစာတွေနဲ့ပတ်သက်ရင် ကျန်းမာရေးစီးပွါးရေးစသည်ဖြင့် ကောင်းကျိုးအတွက် ရည်ရွယ်လိုက်ရင်း ကျွန်တော်အောင်ဝေဖြိုးမှားသွားပါတယ်။

ကျွန်တော်က အစားအစာတွေနဲ့ ပတ်သက်လာရင် လူတိုင်းကို ကိုယ်သိသလောက် နိုင်တဲ့ဘက်ကအမြဲကူညီနေသူပါခင်ဗျာ။ အများပြည်သူ ညီကိုမောင်နှမအားလုံးကို ထပ်ပြီးအနူးအညွှန့်တောင်းပန်ပါတယ်ခင်ဗျ။”

ယခုလို တောင်းပန်ထားပေမယ့် ပြည်သူတွေရဲ့ ဝေဖန်မှုကတော့ ဆက်လက် မြင့်တက်နေတာပဲ ဖြစ်ပါတယ်။ အောင်ဝေဖြိုးဟာ ယနေ့ မနက်ပိုင်းမှာ အကောင့်ကို ဖျက်ထားပေမယ့် တောင်းပန်စာရေးပြီးနောက်မှာ အကောင့်ကို ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ ယခုတောင်းပန်တဲ့ ပို့စ်အောက်မှာလည်း လူမှုကွန်ရက် အသုံးပြုသူ အများအပြားက ဟဟ ရီအက်ရှင်များ ပေးထားကြပါတယ်။

ယခု အဖြစ်အပျက်နဲ့ ပတ်သက်ပြီး သင်ခန်းစာ ယူစရာကတော့ နာမည်ကြီးလိုမှု တခုတည်းနဲ့ မလျော်ကန်တဲ့ အပြုအမူတွေ မပြုလုပ်ဖို့ပါပဲ။ ထင်ပေါ်နေတဲ့သူတွေဟာ ပြည်သူတွေရဲ့ အမြင်တချက်စောင်းတာနဲ့ မြောင်းထဲ ရောက်သွားနိုင်တယ်ဆိုတဲ့ သင်ခန်းစာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page