ဖုန်းဘေလ်တွေ ပေါ်တင်ခိုးနေတဲ့ အမ်ပီတီရဲ့ အကြောင်းကို သက်သေတွေနဲ့တကွ ဖော်ထုတ်လိုက်ပါပြီ

မြန်မာပြည်ရောက်နေတဲ့ စင်ကပိုးရီးယန်းတစ်ယောက်ကပြောတယ်။ အမ်ပီတီက သူ့ဖုန်းဘေလ်တွေခိုးဖြတ်နေတာ တဲ့။ အဲ့ဒါ ဘယ်ကိုကွန်ပလိန်းတက်ရမလဲတဲ့။

ဘယ်မှတက်မနေနဲ့ ၊ ဘာမှလည်းပြန်လုပ်ပေးမှာ မဟုတ်ဖူးလို့ပြောလိုက်တယ်။ သူပြောပြတာက တစ်မိနစ်ဘယ်လောက်ဆိုတာ သိတယ်တဲ့၊ ဒါပေမယ့် သူ့အလုပ်ကိုက စာရင်းစစ်ဖြစ်နေတော့ လက်ကျန်ငွေပြတဲ့ နံပါတ်တွေသတိထားမိတာတဲ့။

ဒါနဲ့ သေချာစစ်တော့မယ်ဟေ့ဆိုပြီး မှတ်တမ်းယူဖို့ ဖုန်းကော သုံးကောခေါ်တယ်။ လက်ကျန်ငွေနှင့် ဖြတ်သွားတဲ့ ငွေကို စခရင်ရှော့ ရိုက်လိုက်တယ်။ သရီးဂျီလည်း မဖွင့်ထားဘူး၊ အွန်လိုင်းလည်းမသုံးဘူး။ အမ်ပီတီ ငွေခိုး-ခိုးဖြတ်နေတာ တန်းမိတာဘဲတဲ့။

သူကပြောသေးတယ်၊ ဒါလိမ်လည်မှုဘဲ တရားစွဲရမယ်တဲ့။ မင်း နိုင်ငံမဟုတ်ဖူးဟ၊ အိမ်ပြန်ချင်ရင် လိမ်လိမ်မာမာနေ၊ ခုက မြန်မာပြည်မှာက လစ်ရင် လစ်သလိုခိုးမယ့်လူတွေဘဲရှိတဲ့ ခေတ်လို့ ပြောလိုက်ရတယ်။

ဖုန်းကော ၃ ကောအတွင်းမှာ ပထမကောက မစစ်လိုက်ရဘူး။ ဒုတိယကောမှာ ၃၅၅ ကျပ်ခိုးတယ်။ ၂၅ စက္ကန့်ပဲကြာတဲ့ ဒုတိယကောမှာတောင် ၁၂၈ ကျပ်ခိုးဖြတ်သွားသေးတယ်။ သူပြောမှသိလို့၊ ခင်ဗျားတို့ကိုလည်း လက်တို့လိုက်တယ်။ လက်ကျန်ငွေ SMS ရိုက်ပီး စစ်ကြည့်ကြဦး။ (Zay Myo Lin) (ဖုန်းဘေလ်တွေ ဖြတ်တောက်မှု မမှန်ကန်တဲ့ အကြောင်းကို ထင်ထင်ရှားရှား မြင်တွေ့ရအောင် ပုံတွေမှာ ဖော်ပြထားပါတယ်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page