ငွေမမြင်ဘဲ မြွေမြင်နေရတဲ့ ရန်ကုန်မြို့က အေတီအမ်စက်ရဲ့ အခြေအနေ (မြွေမရှိလည်း ထုတ်မရပါဘူး)

ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံကတော့ ရန်ကုန်မြို့ရဲ့ အေတီအမ် စက်တခုမှာ စပါးအုံးမြွေကြီး တကောင် လာရောက်နေထိုင်နေတဲ့ ပုံပဲ ဖြစ်ပါတယ်။

တည်နေရာကတော့ ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ဗိုလ်မှူးဗထူးအိမ်ရာ အပိုင်း (၁) ရှိ ဘဏ် ATM စက်တစ်ခုလို့ သိရပါတယ်။ အဆိုပါ မြွေကြီး တက်နေတာကြောင့် အဲဒီ အေတီအမ်စက်ကနေ ငွေထုတ်မရ ဖြစ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ထဲတွင် မြွေတွေ့မှု မကြာခဏ တွေ့ရလေ့ ရှိပြီး တွေ့ရှိရင်လည်း စပါးအုံးမြွေ အမျိုးအစားကို အများဆုံး တွေ့ရှိရတယ်လို့ သိရပါတယ်။ တခြားမြွေအမျိုးအစားများကို အနည်းငယ်သာ တွေ့ရှိရပါတယ်။

ရန်ကုန်မြို့ရဲ့ မရမ်းကုန်းမြို့နယ်မှာ စပါးအုံးမြွေအမျိုးအစား အများဆုံး တွေ့ရှိရပြီး မြွေသိုက်ရှိတယ်လို့ ပြည်သူတွေက ယုံကြည်နေကြပါတယ်။ ယခု မြောက်ဒဂုံမှာ တွေ့ရှိရတဲ့ မြွေကြီးဟာ ကြောင်ပေါက်တကောင်ကို စားသုံးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေနဲ့ မြွေတွေ့ရှိပါက သွားရောက်ဖမ်းဆီးပေးပြီး ဘေးကင်းရာနေရာမှာ ပြန်လည် လွှတ်ပေးလေ့ ရှိပါတယ်။ ရန်ကုန်မြို့ထဲမှာ ယခုကဲ့သို့ မြွေကြီးတွေ မကြာခဏတွေ့ရှိရခြင်းရဲ့ အဖြေကို လက်ရှိအချိန်ထိ မသိရှိရသေးဘဲ ပြည်သူတွေရဲ့ ကြားမှာ ပဟေဠိအဖြစ်နဲ့ တည်ရှိနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page