ရန်ကုန်မြို့က မြွေကြီးတွေရဲ့ ငရဲခန်း (သို့) တွံတေး ဗောင်းတော်ချုပ်ဘုရား
မနေ့က WOM Admin teamနဲ့အတူ နာမည်ကြီးမြွေဘုရားတစ်ခုဖြစ်တဲ့ ဗောင်းတော်ချုပ်ဘုရားကို သွားရောက်ဖြစ်ခဲ့ပါတယ်။ အဲ့မှာ မြင်ရတွေ့ရတာတွေကို တစ်ယောက်ထဲစိတ်ဆင်းရဲမခံချင်လို့ followerတွေပါ စိတ်ဆင်းရဲပြီး အကုသိုလ် ရအောင်ပုံတွေနဲ့တကွ ရှင်းပြပေးပါ့မယ်။
အဲ့ဗောင်းတော်ချုပ်က မြွေတွေက ကယ်လို့ လုံးဝလုံးဝမရပါဘူး။ သစ်တောကလည်း ဒီလိုကိစ္စမျိုးကို ဘယ်လိုတိုင်တိုင် တိုက်ရိုက်အရေးမယူပဲ မျက်ကွယ်ပြုထားတဲ့အတွက် သစ်တောကိုလည်း တိုင်လို့မရပါဘူး။ အဓိကက မြန်မာနိုင်ငံဖြစ်နေလို့ပါ။ အကြိမ်ကြိမ်အခါခါ ကယ်ဖို့ကြိုးစားပြီးပါပြီ။ ပြန်ရလာတဲ့အဖြေက မင်း crush မင်းကိုပြန်ပေးတဲ့ အဖြေနဲ့ ထပ်တူပါပဲ။
ဒါကဝင်ဝင်ခြင်းမြင်တာနဲ့တန်း စိတ်ဆင်းရဲတာပါပဲ အပင်ပေါ်မှာတင်အကောင်ရေ 20 ထက်မနည်းရှိပါတယ် အနီးကပ်သေချာမမြင်ရတဲ့အတွက်ကြောင့် သူတို့ရဲ့ကျန်းမာရေးတော့ သေချာလေးမကြည့်ဖြစ်ခဲ့ပါဘူး အောက်မှာဆက်ပြီး အကုသိုလ်ယူပေးကြပါအုံး။
အပေါက်လေးနှစ်ကောင်ပါ။ ထားတဲ့ပုံးက မြွေ ၂ ကောင်ရှေ့နောက်လှည့်ဖို့တောင်မလွယ်ပါဘူး။ အတော်လေးကို ကျဉ်းပါတယ်။ မြှားအဖြူထိုးပြထားတဲ့ကောင်က အနည်းငယ်လှုပ်ရှားနိုင်ပြီး သံဇကာပေါက်ကနေ ထိုးထွက်ဖို့ အတော်အားယူနေပါတယ်။ သံဇကာကို အတင်းတိုးတာကြောင့် ပါးစပ်ထိပ်မှာ အနာဖြစ်နေပါတယ်။
ဝိုင်းပြထားတဲ့ ကောင်ကတော့ အခြေနေအတော်ဆိုးနေပါပြီ။ ေ-သဖို့ ၉၅ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ပြီးတော့ အဲ့ဝိုင်းပြထားတဲ့ကောင်ကို အပေါ်ကနေရွှေချထားတာပါ။ ခများတို့ပဲ စဉ်းစားကြည့် နဂိုထဲက အလင်းရောင်မရ အစာအဟာရ မပြည့်ဝတဲ့ကောင်တွေကို ရွှေပါထပ်ချထားတော့ ဒီကောင်တွေ အစာချေဖို့ဆိုတာ အတော်မလွယ်တော့ပါဘူး။ အခုတောင် မလှုပ်မယှက်နဲ့ မြင်ရတာ အတော်ကျက်သရေတုန်းပါတယ်။
ဒါတော့ ဘုရားအလည်က ပုလ္လင်ပေါ်မှာ ခွေနေကြတဲ့ကောင်တွေထဲက တစ်ကောင်ပါ။ ပါးစောင်ကြီး တွဲကျနေတာပါ။ ဒါက သူတို့အချင်းချင်းကိုက်မိတာတို့ ပါးစပ်ကိုအတင်းဖြဲပြီး အစာထိုးထည့်တာတို့ ကြောင့်ဖြစ်နိုင်ပါတယ်။ ဒါလဲ ဆေးကုသပေးမှုလုံးဝမရှိပါဘူး။ သူတို့အတွေးက ဒီမြွေသေရင် ဒီကောင့်နေရာ တခြားကောင်းထည့်မှာပါပဲ။ တိရိစ္ဆာန်အပေါ်ညှာတာမှု လုံးဝမရှိပါဘူး လုံးဝ ဘုရားပေါ်ဖမ်းပြီး ညှင်းပန်း နှိပ်စ-က်နေတာပါပဲ။
ဝိုင်းပြထားတဲ့နေရာသေချာကြည့်ကြည့်ပါ။ အသားတွေ တွဲကျနေတာပါ ကျန်းမာတဲ့မြွေတစ်ကောင်က အပေါက်ကျဉ်းကျဉ်းလေးထဲ အသားတွေ ပျော့တွဲကျစရာအကြောင်းမရှိပါဘူး မြွေတွေရဲ့ကြွက်သားဟာ အမြဲလှုပ်ရှားသွားလာနေရတဲ့အတွက် ကြွက်သားတွေက သန်မာပါတယ်။ တစ်စင်တင်မီတာလောက်သာရှိတဲ့အပေါက်ထဲ တွဲကျနေတာက အစာအဟာရမပြည့်ဝတဲ့အတွက်ကြောင့်အားအင်မရှိခြင်း/မြွေရဲ့ကြွက်သားတွေပျက်စီးပြီးအဆီတွေပဲကျန်တော့တာကြောင့် ဖြစ်နိုင်ပါတယ်။
ပြီးတော့ ဘုရားပတ်ပတ်လည်မှာ ဒီလိုစင်မျိုး ၈ ခုရှိပါတယ်။ ၃ ၄ ပေလောက်သာရှိတဲ့ စင်တွေပေါ်မှာ မြွေတွေကို အစုလိုက်အပြုံလိုက်ကြီးထပ်ထားတာ အတော်လေးမြင်ရဆိုးပါတယ်။ လှုပ်ရှားသွားလာမှုလုံးဝမရှိပါဘူး။ အဲ့အပုံထဲ ေ-သနေတဲ့မြွေတွေပါ ရှိနေနိုင်ပါတယ်။
ဒီမြွေကတော့ ဘုရားပုလ္လင်ခြေရင်းကကောင်ပါ။ စိုထိုင်းဆနည်းမှု၊ အဟာရမပြည့်ဝမှုကြောင့် အရေခွံတောင် ကောင်းကောင်းမလဲနိုင်တော့ပဲ အရေခွံဟောင်းက ကပ်နေပြီး အကွက်တွေတွေဖြစ်ပြီး လန်နေတာပါ။ အဲ့လိုအရေခွံတွေထပ်လာတဲ့အခါမှာ ဆဲလ်တွေပျက်စီးလာပြီး မြွေပါေ-သမှာပါ။ လုံးဝ စိတ်ပျက်စရာပါ။ အလှူခံစားတာကလွဲပြီး မြွေတွေအပေါ် မတရားညှင်းဆဲနေတာပါ။သူတို့ခေါင်းထဲပြစားဖို့တစ်ခုပဲရှိတာပါ။
အရေခွံ မလဲနိုင်ပဲ မျက်လုံးမှာ ကပ်ကျန်ခဲ့တာပါ။ မြွေတွေဟာအရေခွံလဲရင် မျက်လုံးအရေခွံပါလဲကြတာပါ။ ပုံမှန်ဆို သူတို့သဘာဝအတိုင်းလဲနိုင်ကြပေမယ့် စိုထိုင်းစ အပူချိန် အဟာရရှိမှု မလုံလောက်တဲ့အခါမျိုးမှာ ဒါမျိုးဖြစ်တက်ပါတယ်။ အဲ့အခါကျရင် လူရဲ့ အကူညီလိုအပ်ပါတယ်။ စိုထိုင်းစပေးပြီး ဇာဂနာနဲ့ ဖြေးဖြေးချင်း ခွာပေးတာမျိုး လုပ်ပေးရပါမယ်။ ဘာမှမလုပ်ပေးပဲ ပစ်ထားတဲ့အခါမှာ ဒီမြွေဟာ မျက်လုံးအိမ်ထိခိုက်ပြီး ကန်းသွားတော့မှာပါ။ နဂိုထဲက နှိပ်စ-က်ခံနေရတဲ့ထဲ မျက်စိပါကန်းရင် ဒီကောင့်ဘဝက ရှင်လျှက်နဲ့ ငရဲကျခံနေရသလိုပါပဲ။
ဘာလို့ အစုလိုက်နေရတာလဲဆိုတော့ အပူချိန်မရှိလို့ပါ။ ကြွေပြားကလဲ အေးပါတယ်။ ပိုဆိုးတာက ဘုရားပတ်လည် အတွင်း နေရောင်ခြည်ကောင်းစွာ မရရှိပါဘူး။ အဲ့အတွက် ရောင်ခြည်သုံးပြီး အစာချေတတ်တဲ့ကောင်တွေအတွက် နေရောင်မရတာက အဆိုးဆုံးအခြေနေပါပဲ။ အဲ့အတွက်ကြောင့် အပူချိန်ရအောင်တစ်ကောင်နှင့်တစ်ကောင် ထပ်နေရတာပါ။ မြွေတွေသဘာဝအရ စပ်စုနိုင်ခြင်းတောင် လုံးဝမရှိပဲ အကုန်ငြိမ်နေကျတာ မြင်ရတာ တကယ် စိတ်မကောင်းစရာပါပဲ။
ဒီမြွေက အဲ့ဗောင်းတော်ချုပ် ဓာတ်ပုံရိုက်စားတဲ့ အဘိုးကြီးမြွေထင်တယ်။ ကျနော်တို့တော့ ရောက်တာနဲ့ အဲ့မြွေပြေးကိုင်တာ အမောပါစို့ပါတယ်။ အသားကိုင်ရတဲ့ ခံစားချက်လုံးဝမရပဲ ပျော့တွဲနေတဲ့ အဆီနဲ့ အရိုးတွေပဲကိုင်နေရသလိုပါပဲ။ အာဟာရ ဘယ်လောက်မရလဲဆိုတာ အတော်သိသာစေတာက မြွေက လုံးဝမရုန်းနိုင်တော့ပါဘူး။ သူ့ခဗျာ ခေါင်းတောင် မထောင်နိုင်တာ တကယ်သနားစရာပါ။ အဲ့ဘဲဆို -ဲချင်စိတ် မနည်းထိန်းပြီးပြန်လာခဲ့ရပါတယ်။ ဒီလောက်ပါပဲ အကုသိုလ်ယူကြပါအုံး။ (Responsible animal keeping)