ရန်ကုန်သားတွေ နားလည်အောင် သေသေချာချာဖတ်ဖို့ မန္တလေး မုန့်တီရှင်းတမ်း

မုန့်တီဆိုတာ အမျိူးမျိုးရှိသကွဲ့ မန္တလေးမှာတောင် မုန့်တီက ၂ မျိုးရှိတာရယ်။ မန္တလေး မုန့်တီရယ်၊ ခိုတောင် မုန့်တီရယ်ပေါ့။ ဘာကွာလဲဆိုတော့ မန္တလေးမုန့်တီမှာကို နန်းကြီး(နန်းတုတ်ကြီး)၊ နန်းလတ်၊ နန်းသေး ဆိုပြီး ၃ မျိုး ရှိတာပေါ့။ နန်းကြီး (နန်းတုတ်ကြီး)က သာမန်လူ လက်သန်းလုံးခန့် အကြီးကြီးပေါ့၊ နန်းလတ်ကတော့ စား တူ အရွယ်လောက်ပေါ့၊ နန်းသေးကတော့ မုန့်ဟင်းခါးဖတ်ပေါ့။

မန္တလေး မုန့်တီက ကြက်သား၊ အမဲကြောတွေ အသုံးပြုပြီး ပဲမှုန့်နိုင်နိုင်နဲ့ ခပ်စေးစေးလေး သုပ်ထားတာကို ပိတ်ဆွယ် (ပိန်းရိုးလိုမျိုး အသေးစားလေး) ဟင်းရည်၊ ငါးဖယ်လုံး ဟင်းရည်တွေနဲ့ တွဲဖက်စားကြရတာပေါ့။ ဖြည့်စွက်စာကတော့ ကြက်သွန်နီ သုံပုရာအချဉ် နဲ့ ပဲတီချဉ် သုံးကြတာပေါ့။

ခိုတောင်မုန့်တီကြတော့ မုန့်ဖတ်က နန်းလတ်နဲ့ နန်းသေးကြားက ကြားဆိုဒ် တူထိပ်ဖျားအချွန်နေရာ အရွယ်လောက်ပေါ့၊ ခိုတောင်မုန့်တီက ဗယာကြော်၊ ငဖယ်လုံး အဓိကသုံးပြီး မန္တလေးမုန့်တီနဲ့ဆင်ဆင် စေးထန်းထန်းလေး သုပ်ထားတာပေါ့။ ခိုတောင်မုန့်တီကိုတော့ ငါးခေါင်းဟင်းရည်၊ ငါးဗိုက်သားဟင်းရည်၊ ငါးဆီဖောင်းဟင်းရည်၊ ပိတ်ဆွယ်ဟင်းရည် အစသဖြင့် ဟင်းရည်ကို ခမ်းခမ်းနားနားတွဲဖက် သောက်တတ်ကြပြီး ဖြည့်စွက်စာကတော့ မုန်လာချဉ်နဲ့ ပဲတီချဉ် အသုံးများတာပေါ့။

ခိုတောင်မုန့်တီဆိုတဲ့ ခိုတောင်ရွာက စစ်ကိုင်းတိုင်းထဲမှာ တည်ရှိပေမယ့် စစ်ကိုင်းတိုင်းထဲက အခြားနယ်ကမုန့်တီတွေနဲ့ မတူပြန်ဘူး၊ ဥပမာ ရွာသစ်ကြီး မုန့်တီ၊ ရှိန်းမ္မကား မုန့်တီ အစသဖြင့်ပေါ့။ အဲဒီမုန့်တီတွေကြ ငါးဆုပ်ကို အချပ်လိုက်ကြီးတွေ လှီးချက်ပြီး ထည့်ပေးကြတာရယ်။

နောက်ထပ် မုန့်တီတစ်မျိုးကတော့ ရခိုင်မုန့်တီ (အချို့ဒေသအခေါ် အာပူ လျှာပူ) ပေါ့ ရခိုင်မုန့်တီကတော့ မုန့်ဟင်းခါး မုန့်ဖတ်အရွယ် (လက်ညှစ်မုန်တီဆို ပိုသေး) မုန့်ဖတ်ကို ငါး/ငါးရိုး (ရခိုင်ဆိုင်တွေ အများစုတော့ ငါးရွှေ/ငါးရွှေခြောက်) အဓိက သုံးထားတဲ့ ဟင်းရည်ထဲထည့်ပြီး ချို၊ ချဉ်၊ ငန်၊ စပ် လိုသလို အရသာ ဖြည့်စွက် စားရပြီး အကြော်၊ ငါးဖယ်ကြော်၊ ဝက်ဆီဖက် အမျိုးမျိုး ဖြည့်စွက်စားကြတာပေါ့။

အခုပြောခဲ့တာက ကိုယ်သိသလောက် မုန့်တီတွေဘဲ ရှိသေးတာ အခြားမုန့်တီတွေလည်း ရှိချင် ရှိအုံးမှာပေါ့။ အဓိက ပြောချင်တာက မုန့်တီဆိုတိုင်း ကိုယ်မြင်ဘူးခဲ့တဲ့ မုန့်တီလေး တစ်ခုကိုသာ မုန့်တီလို့ မမှတ်ယူစေ့ချင်ဘူးပေါ့။

(တစ်ခြား ဥပမာလည်း တွေးမရလို့ ဥပမာနှိုင်း ရိုင်းသွားရင်လည်း ခွင့်လွှတ်ကြပါဗျ) ပဲမြစ်လောက် ရှိတဲ့ ကိုယ့်ယောက်ျားကို မြင်ဖူးရုံနဲ့ ယောက်ျားတိုင်းဟာ ပဲမြစ်လိုပါလား မတွေးသင့်၊ မထင်သင့်ဘူးပေါ့။ ပဲမြစ်လောက်၊ ခရမ်းသီးလောက်၊ သခွားသီးလောက် အရွယ်အစားမျိုးစုံ၊ ပုံသဏ္ဍာန်မျိုးစုံ၊ အရောင်အသွေးမျိူးစုံ ရှိတယ်ဆိုတာလောက်တော့ သိသင့်တာပေါ့ဗျာ။ ။ ဒါပါဘဲ။ ဦးရွှေ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page