မြွေမြင်ရင် ငွေဝင်တယ် ဆိုတာ တကယ်လား (အိပ်မက်ထဲမှာ မြွေတွေ့ရင် အတိတ်ကောက်နည်းများ)

မြွေတွေကို အိမ်မက်တာ မထက်ကို လာမေးနေကြလို့ ဖြေပေးလိုက်ပြီနော်။ မြွေကိုအိမ်မက်တယ်၊ ကိုယ့်ကိုဘာမှ မလုပ်ဘူးဆိုရင်၊ မဝေးတော့တဲ့ ကံကောင်းခြင်းတဲ့ လာဘ်လာဘကိုရမှာပါ။

မြွေအများကြီး စုပြုံနေတာကို မြင်တွေ့ရတယ်ဆိုရင်တော့ ကျန်းမာရေးဂရုစိုက်ပါ၊ အိပ်ရေးဝဝအိပ်ပါ(အလုပ်ပင်ပန်းလို့မက်တာပါ)။ မြွေစိမ်းကို မက်တယ်ဆိုရင် သင့်ကိုကူညီမယ့် သူတွေပေါမယ်၊ အစောင့်ရှောက်ကောင်းရမယ်၊ လာဘ်လာဘဝင်ပါလိမ့်မယ်။

မြွေမြိုခံရတယ်ဆိုရင် အရင်ဘဝက ပဌာန်းဆက်က အနားမှာရှိတာ (သို့) မိမိကိုလွမ်းစေတာပါ။ မြွေအနက်ကိုအိမ်မက်ရင် မိမိပြုလုပ်နေသည့် လတ်တလော မကောင်းမှုများကို ဆက်မလုပ်ဖို့ သတိပေးတာပဲဖြစ်ပါတယ်။ မြွေက မိမိခန္ဓာကိုယ်ကို ရစ်ပတ်ထားတယ်ဆိုရင် မိမိချစ်သူ (သို့ )အိမ်ထောင်ဖက်က ဖောက်ပြန်ချင်နေတာပါ။

မြွေလိုက်လို့ ထွက်ပြေးရတယ်ဆိုရင် မကြာခင် ကံမကောင်းခြင်းတစ်ခု ကြုံရမှာမို့ နိုးနိုးခြင်း ခေါင်းလျှော်သင့်ပါတယ်။ မြွေအရေခွံလဲတာ (သို့) မြွေကို ကိုင်နေရတယ်ဆိုရင် ကံကောင်းခြင်းတွေ ရောက်လာတော့မှာဖြစ်ပါတယ်။

မြွေကို ကိုယ်တိုင်-တ်ပစ်တယ် မက်ရင် မကြာမီ သင်ဟာ ဆုတောင်းပြည့်ပြီး အောင်မြင်တော့မယ့် နိမိတ်ပါ။ မြွေကလိုက်တယ် (သို့) အကိုက်ခံရတယ်ဆိုရင် ပြဿနာတခု ဖြစ်ဖို့ရှိနေတာမို့ သတိရှိဖို့လိုပါမယ်။ မြွေအချင်းချင်းကိုက်နေတာမြင်ရင် သင့်မိတ်ဆွေ (သို့) သင့်သူငယ်ချင်းထဲက တယောက်ယောက်က မနာလိုဖြစ်နေတာပါ။ ကဲဘယ်သူတွေ ဘယ်လိုမက်ဖူးလဲ မထက်ကို ပြောပြကြပါအုံး (ချစ်စွာဖြင့် – မထက်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page