လာမယ့် ရက်အနည်းငယ်အတွင်း ကမ္ဘာ့လူဦးရေ သန်း ၈ ထောင် ကျော်တော့မည်

လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကမ္ဘာ့လူဦးရေဟာ ၈ ဘီလီယံကို ကျော်သွားမယ်လို့ ယူအန်ရဲ့ ဒီနှစ်ထုတ် ကမ္ဘာ့လူဦးရေ စာတမ်းက ခန့်မှန်းတွက်ချက်ထားပါတယ်။

ဒီအတိုင်း ဆက်သွားရင် ၂၀၃၀ မှာ ၈.၅ ဘီလီယံ ၂၀၅၀ မှာ ၉.၇ ဘီလီယံ ၂၁၀၀ မှာ ၁၀.၄ ဘီလီယံ ဖြစ်နိုင်တယ်လို့ မှန်းကြပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့တစ်ချက်ကတော့ နောက်နှစ် (၂၀၂၃) မှာ အိန္ဒိယက တရုတ်ကို ကျော်တက်ပြီး ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံ ဖြစ်လာမှာပါ။ နောက်တစ်ချက်ကတော့ ကိုဗစ်က လူ့ပျမ်းမျှသက်တမ်း (global life expectancy) ကို သက်ရောက်မှုရှိခဲ့ပါတယ်။

၂၀၁၉ မှာ ပျမ်းမျှသက်တမ်းက ၇၂.၈ နှစ် ရှိနေရာကနေ ၂၀၂၁ မှာ ၇၁.၀ ကို ကျဆင်းခဲ့ပါတယ်။ ဒီလို ကျဆင်းရခြင်း အဓိက အကြောင်းရင်းက ကိုဗစ်ကြောင့်လို့ ခန့်မှန်းကြပါတယ်။ ကမ္ဘာ့လူဦးရေ အများဆုံး ဖြစ်လာမယ်လို့ ခန့်မှန်းတွက်ဆ ထားတဲ့ ၁၀ နိုင်ငံကို ပုံထဲမှာ ပြထားပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေး အစရှိတဲ့ ပေါ်လစီ တွေကို ဆွဲတဲ့အခါမှာ လူဦးရေပြောင်းလဲရွေ့လျားမှု တွေကို ထည့်သွင်းစဉ်းစားရမှာပါ။ (Lynn Htet)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page