မြန်မာပြည်ကြီး အမှောင်ကျနေမှုကို ကွက်ကွက်ကွင်းကွင်း ထုတ်ဖော်ပြသလိုက်တဲ့ နာဆာ
နာဆာ ညဖက်ဂြိုလ်တုပုံတွေအရ မြန်မာပြည်ရဲ့ မီးအလင်းအားလျော့နည်းသွားကြောင်းသိရ
အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံကို ညဖက်တွင် အာကာသမှ မြင်တွေ့ရသည့် လျှပ်စစ်မီးအလင်းအားလျော့နည်းသွားကြောင်း နာဆာ ဂြိုလ်တုက ညဖက်ရိုက်ကူးထားသော ဓါတ်ပုံများအား Myanmar Witness အဖွဲ့ကလေ့လာပြီး ယနေ့ထုတ်ပြန်လိုက်သည်။
ထိုသို့လေ့လာမှုတွင် Myanmar Witness က “မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေက မီးအလင်းရောင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ လျော့ကျလာတာ တွေ့ရှိရပါတယ်”ဟု ဆိုသည်။
မြန်မာပြည်အလယ်ပိုင်းတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖေါက်မှု များစွာကျူးလွန်လျက်ရှိပြီး ထိုသို့ မီးအလင်းရောင်လျော့ကျမှုဟာ မြန်မာပြည်အလယ်ပိုင်းက အချိန်ပိုင်းသာ လျှပ်စစ်မီးရရှိနေမှုကို ထင်ဟပ်စေသည်။
အဆိုပါလေ့လာချက်အရ မြန်မာနိုင်ငံ၏ လျှပ်စစ်မီးလင်းအားအကောင်းဆုံးမြို့မှာ နေပြည်တော်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ခုလုံးသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘဂ်လားဒေ့ရှ် နှင့်အိန္ဒိယတို့နှင့်နှိုင်းယှဉ်လျှင် မီးအလင်းအား သိသိသာသာနည်းနေသည်ကို တွေ့ရမှာဖြစ်ပါတယ်။ (Assistance Association for Myanmar-based Independent Journalists)