မြန်မာ့ဝေါဟာရထဲမှာ ထူးခြားတဲ့ “အမွေမမီမြေး” ဆိုတဲ့ စကားလုံးနဲ့ အမွေရရှိနိုင်မှု အကြောင်း
အမွေမမီမြေးများဆိုသည်မှာ အမွေဆက်ခံမည့်မိဘသည် ဘိုးဘွားများအထက် အရင်သေဆုံးလျှင် ကျန်ရစ်သူမြေးများသည် အမွေမမီမြေးများ ဖြစ်သည်။
အမွေမမီမြေးတို့၏ အခွင့်အရေးမှာ အမွေမီမြေးများကဲ့သို့ မဟုတ်ပေ။ အမွေမမီမြေးတို့သည် မိဘများရရှိသင့်သည့် အခွင့်အရေးအလျောက် မိဘကိုယ်စား အမွေဆက်ခံရရှိခြင်း မဟုတ်ပေ။ မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးများအဖြစ် တစ်ဦးချင်းအနေဖြင့် အမွေဆက်ခံခြင်း ဖြစ်ပေသည်။
မိဘများသည် ဘိုးဘွားများအရင် သေဆုံးကြပြီးသော အမွေမမီမြေးတို့ အချင်းချင်း အမွေခွဲရာတွင် မြေဦးအရေအတွက်အလိုက် အမွေပုံကို အညီအမျှ ခွဲဝေကြရသည်။
မိဘနှစ်ပါး ကွာရှင်းပြီးချိန်တွင် ကလေးသည် မိဘနှစ်ပါးအနက် တဦးသာ အတူဆက်လက် နေထိုင်သည်၊ အခြားတစ်ဦးနှင့်မူ အဆက်အသွယ်လည်းမရှိ၊ သားသမီးတို့ ပြုဖွယ်သော ဝတ္တရားများကိုလည်း ပြုစုခြင်းမရှိပေ။
သို့ရာတွင် ထိုကလေးသည် ၎င်းနှင့်အတူမနေသည့် ဘိုးဘွားများ၏ ဘိုးဘွားအမွေကို ရရှိရန်အတွက် အတူမနေသည့် မိဘနှင့်ပြန်လည် ဆက်သွယ်ပြီး သားသမီးတို့၏ ပြုဖွယ်သော ဝတ္တရားများကိုလည်း ပြုစုရန်မလိုပေ။
အမွေမမီမြေးများသည် ဓမ္မသတ်တွေအရ ဘိုးဘွားများထံမှ မိဘဖြစ်သူ ရပိုင်ခွင့်ရှိသည့် အမွေဝေစု၏ (၄)ပုံ (၁)ပုံသာ ရထိုက်ခွင့်ရှိသည်။ ဥပမာ – ဘိုးဘွားများတွင် သားသမီး(၅)ဦး ရှိသည်။ အမွေမမီမြေး၏ မိဘအမွေရှင်ထက် အရင်ကွယ်လွန်သွားတာ ဖြစ်တဲ့အတွက်တော့ သူ့ရဲ့ဝေစုက အမွေမမီမြေးမှာပဲ သွားပြီးရှိနေတယ်။
အမွေမမီမြေးမှာပဲရှိတော့ (၄) ပုံအနက် (၁) ပုံ ရမယ်။ (၅) ပုံအနက် (၄) ပုံကတော့ ကျန်သားသမီး (၄)ယောက်ကို ပေးရမည်ဖြစ်ပြီး ကျန် (၁) ပုံအနက်မှ အမွေမမီမြေးသည် (၄) ပုံ (၁) ပုံသာ ရရှိမည် ဖြစ်သည်။ အမွေမမီမြေးသည် ဘိုးဘွားများနှင့် အတူမနေလဲ ရပိုင်ခွင့်ရှိပါတယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)