ဗြောင်းဆန်တော့မယ့် မြန်မာ့ဒေါ်လာဈေးကွက်နဲ့ ဈေးကစားသူတွေ စိတ်ကြိုက်ဖြစ်လာမယ့် ဒေါ်လာဈေးနှုန်း
မနက်ဖြန် ဒေါ်လာစျေးကတော့ စျေးကစားလိုသူတွေ အကြိုက်ဖြစ်လာနိုင်တယ်။ ခဏတာ ကြောက်လန့်တကြား လှိုင်းလုံး (panic shortwave) ဝင်ကောင်း ဝင်နိုင်တယ်။
FATF ရဲ့ နာမည်ပျက်စာရင်း (blacklisting) ဟာ ပို့ကုန်သွင်းကုန် ငွေလွှဲပြောင်းတဲ့အခါ စနစ်ရှုပ်ထွေးသွားခြင်းသာ ဖြစ်ပါတယ်။ တကယ်တော့ FATF blacklisted ဖြစ်တာနဲ့ ပြည်တွင်းဒေါ်လာငွေစက္ကူအရောင်း အတက်အကျ ဘာမှ မဆိုင်ပါဘူး။
တခုသိထားရမှာက ဒေါ်လာကို စျေးကြီးပေးဝယ်မိရင် အတက်အကျ သိပ်ကြမ်းတဲ့အခါ အကုန်ထိသွားနိုင်တယ် ဆိုတာပါပဲ။ အယင် လတွေက အတက်အကျ ကြမ်းတာကြောင့် ရောင်းဝယ်ဖေါက်ကားမှု သိန်းထောင်ချီရှုံးသွားတဲ့လူတွေ ရှိခဲ့ပါတယ်။
မိမိမှာ ငွေကြေးစျေးကွက်နဲ့ပတ်သက်လို့ ဂျော့ချ်ဆိုးရော့ရဲ့ ဉာဏ်ပညာမျိုး မရှိရင် သတိကြီးကြီးထားပြီး ငြိမ်တဲ့အထိ စောင့်ကြည့်သင့်ပါတယ်။
ဘာလို့ သတိပေးရတာလဲ ဆိုတော့ အဲ့ဒီအတက်အကျတွေမှာ ငွေကြေးဆုံးရှုံးထိခိုက်သွားကြသူတွေဟာ လုပ်ငန်းရှင်ကြီးတွေမဟုတ်ဘူး။ ဘုမသိ ဘမသိ တောင်ဝယ်မြောက်ဝယ် ပြည်သူစစ်စစ်တွေသာ ဖြစ်နေလို့ပါ။ (Kyaw Swa Min)