စလုံးကနေ ပြန်လွှတ်ခံရတဲ့သူကို ဒေါ်လာ ခြောက်ရာကျော် တောင်းတဲ့ မြန်မာ့အကြီးဆုံး လေကြောင်းလိုင်း

စင်ကာပူကို visit နဲ့ အဝင်မှာ လဝကက အလုပ်လာရှာတဲ့ အထောက်အထားမျိုး တွေ့ခဲ့လို့ ဝင်ခွင့်မရ ခဲ့ ဘဲ လေဆိပ်ကနေ ပြန်လာခဲ့ရ ပါတယ်။ အသွားအပြန်လတ်မှတ် ရှိုးမန်းနီး၊ ကာကွယ်ဆေး၊ နိုတြီ အစုံ ပါ ပါတယ်။

အောက်တိုဘာ ၂၃ ရက် နေ့ အမ်အေအိုင်လေယာဉ်နဲ့ ရန်ကုန်မှ မနက် ၈:၃၀ မြန်မာပြည်စံတော်ချိန် လေယာဉ် ထွက်ခွာခဲ့ပြီး စလုံး ကို နေ့လည် ၁ နာရီ စင်ကာပူစံတော်ချိန် လေယာဉ် ဆိုက်ပြီး လဝကမှ ရုံးခန်းထဲ ခေါ်စစ်ပြီး ညနေ ၅ နာရီမှာ ပြန်ဖို့အတွက် အပြန် လေယာဉ် လတ်မှတ်ကို အောက်တိုဘာ ၂၄ ရက် နေ့လည် ၁:၄၀ ဖြင့် ပြန်ရန် လေကြောင်းလိုင်း အား ပြန်လည်စီစဉ်ရန် ညွှန်ကြားပြီး တစ်ညတာ စင်ကာပူလေဆိပ်မှာ အိပ်ခဲ့ရပါတယ်။

အဲ့ဒီမှာ စတာပါ ။ IP ROOM လို့ ခေါ်တဲ့ Auxiliary Police တွေ က ထိန်းသိမ်းစောင့်ရှောက် ထားပေးပြီး ညစာ တစ်နှပ် ၊ နောက်နေ့ နေ့လည်စာ တစ်နှပ် ထမင်း ကို ကြက်သားဟင်းနဲ့ ဖုဘောက် ပေးပြီး နှစ်ထပ် ကုတင်တွေမှာ တစ်ည အိပ်ခဲ့ ရပါတယ်။

တရားခံလို ဖုန်းနဲ့ ကျော်ပိုးအိတ်တွေ ကို စတိုခန်းထဲ သိမ်းထားပြီး ခဏယူချင်ရင် သူတို့ ဘေးက လိုက်စောင့် ပေးပါတယ်။ အပြစ်မလုပ်ဘဲ တရားခံလို နေခဲ့ရတာ ကို အဲ့ အခန်းထဲမှာ တစ်ည တည်းခိုခဲ့တဲ့ အတွက် အမ်အေအိုင်မှ စင်ကာပူဒေါ်လာ ၆၀၁ တောင်းပါတယ် ခရီးသည် ထံမှ ။

ဒီပို့စ်ကို တင်ရတဲ့ ရည်ရွယ်ချက်က ကိုယ်တွေ လိုဘဲ စင်ကာပူလဝက ကနေ ဝင်ခွင့်မရ လို့ ပြန်ခဲ့ ရတဲ့ သူတွေ ရှိပါတယ် အရင်ကလည်း ဒါမျိုး လေကြောင်းလိုင်းကို IP room charges ဆိုတာ မျိုး ပေးခဲ့ရ ဘူးလား ဆိုတာ ရယ် နောက်ထပ် visit နဲ့ သွားမည့်သူတွေလည်း ဒါမျိုး လေးတွေ ရှိနေတာကို သိစေရန်နှင့် Risk တွေ ကြိုချိန်ထားပြီးမှ visit နဲ့ သွားရန် စေတနာ နဲ့ တင်ရ ခြင်းဖြစ်ပါတယ်။

ကိုယ့်ဆီကပဲ လေကြောင်းလိုင်းက ယူတာလား လည်း အရမ်းသိချင်နေပါတယ်။ လောလောဆယ် အဲဒီ စင်ကာပူဒေါ်လာ ၆၀၁ ကို မပေးရသေးလို့ လေယာဉ်ဆိုက်ဆိုက်ချင်း လဝက ကနေ ဖြတ်ပေးပြီး ပတ်စ်ပို့ကို လေကြောင်းလိုင်းမှ ဂျူတီမန်နေဂျာမှ သိမ်းသွားပါတယ်။ အမ်အေအိုင်ရုံးမှာ ပိုက်ဆံ သွားပေးမှ ပြန်ပေးမယ် ပြောပါတယ်။

အဆင်မပြေခဲ့တဲ့ ခရီးသည် တစ်ယောက်အနေ နဲ့ ဘယ်မှာမှ မပြဌာန်း ဖော်ပြထားခြင်းမျိုးမရှိတဲ့ အဲ့ငွေ ပမာဏ ကို Receive ဘောင်ချာမှာ ရေးထားရုံဖြင့် ဘယ်လိုမှ ပေးဖို့ မဖြစ်နိင်ပါ။ ပြထားတဲ့ပုံကတော့ လဝက အရာရှိရဲ့ မှတ်ချက် ပါ။ သူ အမှန် ခြစ်ပြထားတဲ့ အကြောင်းအရာကတော့ စင်ကာပူကို ဝင်ရောက်ဖို့ arrival visa ပေးဖို့ရာတွင် အရာရှိ လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်မခိုင်လုံတဲ့ အတွက် ဆိုတဲ့ စာလေး တစ်​ကြောင်းက ကျွန်တော်တို့ ရဲ့ ငွေ အချိန် မျှော်လင့်ချက်တွေကို အချိန်တိုလေးနဲ့ ဖျက်စီးလိုက်သလိုပါဘဲ။ (T Chrishnan Nair)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page