အိပ်မက်ပြဇာတ်ရုံထဲက သရဲနီတို့ရဲ့ အောင်‌ေ-သအောင်သား စားပွဲ (သို့) ယူနိုက်တက်တို့ ပြန်လာပြီ

ယနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပြိုင်ပွဲမှာ ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ မြို့ခံပြိုင်ဖက် မန်စီတီးအသင်းကို ၂-၁ ဂိုးနဲ့ ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ မိနစ် ၆၀ မှာ ဂရေးလစ်ရှ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၇၈ မိနစ်မှာတော့ ဖာနန်ဒက်စ်ရဲ့ ပါးနပ်မှုနဲ့အတူ ချေပဂိုး ရရှိခဲ့ပြီး ၈၂ မိနစ်မှာတော့ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က လှလှပပ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ယခုပွဲ အနိုင်ရမှုကြောင့် အောက်တိုဘာလတုန်းက မန်စီးတီး အနိုင်ရခဲ့တဲ့ ၆-၃ ဂိုးဆိုတဲ့ ရှုံးပွဲကို ယူနိုက်တက်တို့က ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့ပွဲမှာတော့ မန်စီးတီးအသင်းရဲ့ အားကိုးရတဲ့ တိုက်စစ်မှူး ဟာလန်းတယောက် ယူနိုက်တက်ရဲ့ ခံစစ်ကို မကျော်လွှားနိုင်ခဲ့တာ တွေ့ရပါတယ်။

ယခုနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းအနေနဲ့ လိဂ်ပွဲ ၅ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကို ခြိမ်းခြောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

နောက်ဆုံးတော့ ယူနိုက်တက်တို့ ပြန်လာခဲ့ပါပြီ။ တချိန်က အသင်းတိုင်း ကြောက်ရွံ့ရတဲ့ ယူနိုက်တက် အဖြစ် ရောက်ရှိလာမလား ဆိုတာကိုတော့…

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page