ပြည့်တန်ဆာ လုပ်တာ အကုသိုလ် ဖြစ်လား ဆိုတဲ့ မေးခွန်းရဲ့ အဖြေ (သိထားသင့်ပါတယ်)
ပြည့်တန်ဆာ လုပ်တာ အကုသိုလ် ဖြစ်လား၊ မဖြစ်လားဆိုတဲ့ အမေးအဖြေကို ဖော်ပြပေးလိုက်ပါတယ်-
အမေး။ ဆရာတော်ဘုရား မေးချင်လို့ပါ ဘုရား။ ပြည့်တန်ဆာလုပ်ခြင်းက အကုသိုလ်ဖြစ်ပါသလား။
အဖြေ။ ပြည့်တန်ဆာလုပ်တာက အကုသိုလ်မဖြစ်ပါဘူး။ အဲဒီအလုပ်ကို အကြောင်းပြုပြီး လိမ်ညာခြင်းစသည် လုပ်ရင် အကုသိုလ်ဖြစ်တယ်။ မိန်းကလေးတွေကို အတင်းအဓမ္မ လုပ်သားအဖြစ် စေခိုင်းတဲ့ ပြည့်တန်ဆာခေါင်း မလုပ်ကောင်းဘူး။
အမေး။ တပည့်တော်မက စိတ်ဖြေဖျော်ပေးရတဲ့အလုပ် လုပ်ပါတယ်။ စိတ်ထဲ တကယ်မချမ်းမြေ့ပါဘူး။ ဒါကြောင့်မို့ ခုလိုမေးရခြင်းဖြစ်ပါတယ်။
အဖြေ။ လူတိုင်းက ကိုယ့်ဘဝ ကိုယ့်အကြောင်းနဲ့ ကိုယ်ပါပဲ။ နောင်တချိန်မှာ အခြားအလုပ် ပြောင်းလုပ်နိုင်အောင် ရလာတဲ့ပိုက်ဆံကို ဖြုန်းတီးမပစ်ဘဲ စနစ်တကျ စုဆောင်းသိမ်းဆည်းထားပါ။ ကျေးဇူးတင်ပါတယ်ဘုရား။ အဆင်ပြေ ကျန်းမာ ချမ်းသာပါစေ။ (Ashin Khema Nanda)