တက်ကျမ်း ဆရာကြီးတွေ ရေးတဲ့ ကြယ်ငါးပုံပြင်ရဲ့ နောက်ကွယ်က အမှောင်ဖက်ခြမ်း

ကြယ်ငါးကောက်သူများဆိုတာ ကြားဖူးကြပါလိမ့်မယ်။ Loren Eiseley က စရေးတာပေါ့။ ကမ်းခြေမှာ ကြယ်ငါးတွေ အများကြီးလာတင်နေတယ်။ လူတယောက်က ကြယ်ငါးလေးတွေကို လိုက်ကောက်ပြီး ပင်လယ်ထဲပြန်ပစ်နေတယ်။

အဲ့မှာ လူတယောက်က လာမေးတယ်။ ခင်ဗျားဒီလိုလုပ်တော့ ဘာထူးလဲ ကြယ်ငါးတွေ အများကြီး ခင်ဗျား အကုန်မှ လိုက်လုပ်နိုင်မှာမှ မဟုတ်ပဲတဲ့။

အဲ့တော့ ခုနက ကြယ်ငါးကောက်ပစ်နေတဲ့သူက သူ့လက်ထဲက ကြယ်ငါးလေး ပင်လယ်ထဲပစ်ရင်း ပြန်ပြောသတဲ့။ တခြားကြယ်ငါးတွေအဖို့တော့ ထူးခြင်မှ ထူးမှာပေါ့တဲ့။ ဒါပေမဲ့ သူ့ဖို့တော့ ထူးသွားတာပေါ့ဗျာဆိုပဲ။

ပြောချင်တာက ခုမှ လာမှာ အဲ့ဒီ ကြယ်ငါးဆိုတဲ့ ကောင်လေးတွေက အင်မတန် ထိလွယ်ရှလွယ် ကျိုးလွယ်ကျေလွယ်တယ်လို့ ဆိုတယ်။ ဆိုချင်တာက လက်နဲ့ကောက်ပစ်လိုက်လို့ ရှင်ဖို့ထက် သေဖို့က ပိုများတယ်။

Moral of the story ကတော့ တချို့လူတွေ လောကကြီးမှာ ကယ်တင်ရှင် လူစွမ်းကောင်း မျှဝေချင်သူဆိုတာမျိုးကြီး ဇွတ်လုပ်ချင်လာကြတဲ့အခါမှာ ဉာဏ်ပညာ စေတနာ မမှန်ရင် တဖက်မှာ စမုံတုန်းနိုင်တယ် ဆိုတာပဲ။ (Thet Khine)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page