မြန်မာနိုင်ငံသား ၈ ဦးပါဝင်တဲ့ ကုန်တင်သင်္ဘောနစ်မြှုပ်မှု နောက်ဆုံးရ သတင်း
မြန်မာနိုင်ငံသား ၈ ဦးပါတဲ့ ကုန်တင်သင်္ဘောတစ်စီးဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ပင်လယ်ပြင်အတွင်းမှာ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းအချိန်က နစ်မြုပ်မှုဖြစ်ပွားခဲ့တယ်လို့ တောင်ကိုရီးယားသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဂျဲဂျူကျွန်း၊ ဆောဂွီဖိုမြို့ အရှေ့တောင်ပိုင်းရဲ့ ၁၄၈ ကီလိုမီတာအကွာက ပင်လယ်ပြင်မှာ ဗုဒ္ဓဟူးနေ့ နံနက် ၃ နာရီဝန်းကျင်က မြန်မာ ၈ ဦးနဲ့ တရုတ်နိုင်ငံသား ၁၄ ဦးပါတဲ့ ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားတာဖြစ်ပါတယ်။
သင်္ဘောသား ၂၂ ဦးပါဝင်တဲ့ ကုန်တင်သင်္ဘော နစ်မြုပ်မှုအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှာ သင်္ဘောသား ၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်သင်္ဘောသားများကို ဆက်လက်ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နစ်မြုပ်ခဲ့တဲ့ ကုန်တင်သင်္ဘောသည် တန်ချိန် ၆၅၅၁ တန်ရှိပြီး ကမ်းခြေစောင့်တပ်ဖွဲ့များ ရောက်ရှိချိန်မှာ သင်္ဘောမှာ လုံးဝနစ်မြုပ်သွားပြီဖြစ်ကာ ကျန်သင်္ဘောသား ၁၇ ဦးအတွက် ဂျပန်နဲ့ ပူးတွဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဗုဒ္ဓဟူးနေ့အစောပိုင်းက နစ်မြုပ်သွားတဲ့ GC သင်္ဘော Jin Tian ရဲ့ သင်္ဘောသား ၂၂ ယောက်အနက် ၁၄ ယောက်ကို ပြန်လည်ကယ်ဆယ်ရရှိတယ်လို့ သိရတယ်။ ကယ်ဆယ်ရသူတွေထဲက ၉ ယောက်ဟာ သတိမေ့နေဆဲဖြစ်ပြီး ဂျပန်မှာ ကုသမှုခံယူနေကြတယ်၊
အဆိုပါသင်္ဘောဟာ မနစ်မြုပ်ခင် တစ်နာရီခန့်လောက်က Digital Selective Calling စနစ်ဖြင့် ပထမဆုံးသော အချက်ပြမှုကို ဗုဒ္ဓဟူးနေ့ နံနက် ၁နာရီ ၄၅မိနစ်အချိန်မှာ ထုတ်လွှင့်ခဲ့တယ်လို့ သတင်းအေဂျင်စီရဲ့ ဖော်ပြချက်မှာ ထည့်သွင်းရေးသားထားတာ ဖြစ်ပါတယ်။
သင်္ဘောပေါ်မှာ တရုတ် ၁၄ ယောက်နဲ့ မြန်မာ ၈ ယောက်တို့ပါဝင်ပြီး မလေးရှားနိုင်ငံ ပို့ကလန်ကနေ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းသို့ အသွားမှာ နစ်မြုပ်ခဲ့တာဖြစ်တယ်၊ နစ်မြုပ်ရတဲ့အကြောင်းရင်းကို မသိရသေးဘဲ အခင်းဖြစ်တဲ့အချိန်မှာ လေတိုက်နှုန်း တစက္ကန့် ၁၆ မီတာနှုန်းနဲ့ လှိုင်းအမြင့် ၄ မီတာ ခန့် ရှိတယ်လို့ သိရပါတယ်။