ယနေ့ခေတ် လူငယ်တွေ မသိတော့တဲ့ မြန်မာ့ဆိုရှယ်လစ်ခေတ်ရဲ့ ထူးခြားဆန်းကြယ်မှုများ
ဒီဓာတ်ပုံတွေက ခန့်မှန်းချေ ၊ ၁၉၆၂ ခုနဲ့ ၁၉၇၂ လောက်အကြားက နေ့စဉ်သတင်းစာတွေမှာပါတဲ့ ဖြစ်ရပ် မှန်သတင်း ဓာတ်ပုံတွေပါ။
အဲခေတ် ၁၉၆၃-၆၆ ခုနှစ်လောက်က သမဝါယမခွဲတမ်းအကောင်းစားမှန်သမျှ သူတို့ချည်းယူတဲ့ အိမ်ခေါင်းရင်းက ငါးဦးကော်မီတီလူကြီး (အမည်အရင်း နဲ့ကောင်းစွာမှတ်မိနေ) ခဏ ခဏ စကားများ ခဲ့ရတာ သတိရနေသေးတယ်။ တောင်ဥက္ကလာဆယ်ရပ်ကွက်မှာ။
အဲဒီခေတ်က ဓာတ်မီးထိုးဖို့၊ ထရန်စစ္စတာ ရေဒီယိုလေးတွေ ဖွင့်ဖို့ ခုအချိန်အခါ မှာဘယ်မှာဝယ်ဝယ် ပေါခြင်းသောခြင်း ဝယ်လို့ရနေတဲ့ ဓာတ်ခဲခြောက်လေးတွေ၊ လက်ဆွဲ ရေဒီယိုလေးတွေ၊ အင်္ကျီချုပ်ဖို့ ပိတ်စလေး နဲ့ ရေနွေးကြမ်းထဲ ခပ်သောက်တဲ့ လက်ဖက်က်ခြောက်ကအစ (ပြောရရင် လူသုံးကုန် ပစ္စည်းအားလုံးနီးပါး)ခွင့်ပြုချက်မဲ့ လက်ဝယ်တွေ့ရင် ဥပဒေဖေါက်ဖျက်မှု၊ ပြည် သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေ ပုဒ်မ ၆ (၁) နဲ့ အရေးယူခံရပါတယ်။
အရေးယူ မခံချင်ရင်တော့ ပိုင်ရှင်မဲ့ (ပစ္စည်းတော့ သိမ်း) ညှိပေါ့ ၊ ခုခေတ်ခလေးတွေ ဒီပို့စ်ကို ပုံတွေမပါဘဲဖတ်မိရင် ဘိုးတော် ဘီးကျဲ ရွှီးနေတာလို့ ထင်ကြပါလိမ့်မယ် ၊ တခါကျနော်တင်တဲ့ပို့စ် ထိုင်းဘတ်စျေး တက်လို့ တဘတ်ကို ပြားငါးဆယ် (တကျပ်ရဲ့ တဝက်) ဖြစ်သွားတယ်ဆိုတဲ့သ တင်းစာဖြတ်ပိုင်းလေးတုန်းကလဲ မယုံနိုင်ကြဘူးတဲ့လေ။
နိုင်ငံတကာနဲ့ တံခါးပိတ်ဆိုရှယ်လစ်ဝါဒ အောက်မှာ ကျနော်တို့ အဲလိုနေခဲ့ကြရ ပြီးပါပြီ၊ ကျနော်တို့ အဲလိုပြန်မနေချင်တော့ပါဘူး၊ အထူးသဖြင့် ကျနော်တို့ရဲ့ သားမြေးမြစ်တွေကို အဲလိုမထားခဲ့ချင်ပါဘူး။ ကျနော်တို့ ကြိုးစားကြရမှာပါ ။ ပုံအောက်မှာ ခုခေတ်လူငယ်တွေ အတွက် ကပ်ပရှင်လေးတွေ ပါပါတယ်၊ ဓာတ်ပုံများအတွက် ကျေးဇူးပါ ။ (Kyi Win Kyi)