ရှမ်းပြည်က ရှမ်းခေါက်ဆွဲထက်တောင် ရှမ်းခေါက်ဆွဲ စစ်တဲ့ ရန်ကုန် ရှမ်းခေါက်ဆွဲအကြောင်း

ဒီမနက်စာ ရှမ်းခေါက်ဆွဲစားရင်း လျှာနည်းနည်း ရှည်ချင်မိတယိ။ မန်းလေးဆိုတာ မြန်မာနိုင်ငံရဲ့ အလယ်အချက်အချာကျရာနေရာ အဲ့ဒီတော့ နေရာအစုံ က လူတွေ လာပြီးအခြေချကြတယ်။ အနီးဆုံးကတော့ ကချင်နဲ့ ရှမ်းပြည်ကလူတွေပေါ့။

ရှမ်းခေါက်ဆွဲဆိုင်ဆိုတာမျိုးက အိမ်ကနေ လမ်းထိပ်ထွက်လိုက်ရင် အနည်းဆုံး.နှစ်ဆိုင်လောက်ရှိတဲ့အမျိုး။ အဲ့ဒီမှာမှ အမျိုးစုံ ကြိုးခုန်သွားကြတာက တရုတ်တွေလုပ်တဲ့ရှမ်း၊ ပန်းသေးလုပ်တဲ့ရှမ်း၊ ကချင်ဖက်ကလာတဲ့ရှမ်း၊ ရှမ်းလူမျိုးတွေလုပ်တဲ့ရှမ်း အမျိုးမျိုးပေါ့။

ရှမ်းပြည်က ရှမ်းခေါက်ဆွဲဆိုတာတောင် မြောက်ပိုင်းရှမ်းလား တောင်ပိုင်းရှမ်းလား ကွဲသေးတယ်။ အဲ ရှမ်းမြောက်ဆိုရင်တောင် သီပေါလား၊ လားရှိုး၊ နမ့်ခမ်း၊ ကွတ်ခိုင်ဆိုပြီး ဘာသာတွေက ကွဲသွားသေးတာ။ ရှမ်းတောင်လား ကလော၊ တောင်ကြီး မတူသေးဘူးဗျ။

ဒီတော့ ခင်ဗျားတို့ ရန်ကုန် မန်းလေးမြို့ကလူတွေ သီပေါလို ကလောလို နေရာမျိုးရောက်လို့ ရှမ်းခေါက်ဆွဲဆိုပြီး မှာကြည့် ဟင် ဘယ်လိုကြီးလဲ ဆိုပြီး ဖြစ်သွားလိမ့်မယ်။ ဟိုက ရှမ်းမကြီးက ဒီလိုကြီးပဲဆိုပြီး လှန်ပြလိုက်လိမ့်မယ်။ မုန့်တွေအုပ်ထားတဲ့ အဝတ်ကြီးကို။

အဲ့လိုပြောလိုက်လို့ ကချင်ဖက်ကတော့ မဆိုးလောက်ပါဘူး မတွေးလိုက်နဲ့။ မိုးညှင်း မိုးကောင်း မြစ်ကြီးနား တစက်မှကို မတူတာဗျာ။ အဲ ဗန်းမော်ဖက်ကူးမသွားလိုက်နဲ့ဦး သူကလည်း တဘာသာ ကွဲတယ်ဗျ။ တရုတ်တွေနဲ့ ပန်းသေးတွေရဲ့ ခေါက်ဆွဲကတော့ သိပ်အများကြီး ပြောစရာမရှိပါဘူး နီးစပ်ကြတယ်။

အဲ့ဒီမှာ အထူးဆန်းဆုံးနဲ့ ဇာတ်အရှုပ်ဆုံးက ဗမာတွေလုပ်တဲ့ ရှမ်းခေါက်ဆွဲဗျာ။ အဲ့ဒီရှမ်းကမှ ရှမ်းဆောက်ခွဲ အစစ် ပြောရရင် ရှမ်းခေါက်ဆွဲတောင် သူ့လောက် မရှမ်းဘူး။ ရှင်းလား မသိဘူး။ ရေစိမ်ခေါက်ဆွဲဖတ်ကို ရေနွေးဖျော၊ ပဲငပိတွေ၊ မြေပဲဆံထောင်းတွေထည့်မယ်။

ကျန်တာက ကြာညို့၊ ငရုတ်ဆီ၊ ကော်ရည်ထည့် ကြက်သွန်မိတ်တွေဖြူးမယ်။ မသိဘူး စားချင်စား မစားချင်နေ ဒါကမှ တကယ့်မူလပထမ ပြိုင်စံမပေါ် နိုင်ငံကျော်တဲ့ ရှမ်းဆောက်ခွဲစစ်စစ်။ (Soe Moe)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page