ခြကိုက်၊ မှင်စွန်း၊ ဆီစွန်း၊ မီးလောင်တဲ့ ပိုက်ဆံများကို ပြန်လဲပေးတဲ့ မြန်မာပြည်ရဲ့ တခုတည်းသောနေရာ

ခြစား(ခြကိုက်) ငွေအစုတ်အဆွေးတွေကို မဖျက်စီး ပစ်ကြပါနဲ့။ တခုလောက်ပြောပြချင်တယ်။ အကျိုးရှိမှာမို့ ဖတ်ကြည့်စေလိုပါတယ်။ မြို့နယ်အဆင့် ဘဏ်တွေမှာ အဲဒီပုံပါအတိုင်း ခြစား(ခြကိုက်)ငွေတွေကို သွားလဲ ရင် မရပါဘူး ဒါကို ဘဏ်က လဲမပေးလို့ သုံးမရဘူးထင်ပြီး ဖျက်စီး မပစ်ကြပါနဲ့။

ရန်ကုန် ဆူးလေအနီး လမ်း၃၀ အောက် ဘလောက်မှာရှိတဲ့ ဗဟိုဘဏ်ငွေစုတ်ငွေဆွေးလုပ်ငန်းခွဲမှာ တရားဝင် လဲလှယ်လို့ရပါတယ်။ သွေးစွန်း မှင်စွန်း မီးလောင် ခြစား ဆီစွန်း အပိုင်းပိုင်းပြတ်တဲ့ငွေတွေကို သတ်မှတ်ထားတဲ့ စံညွှန်းနဲ့ကိုက်ညီရင် ပြန်လဲပေးပါတယ်။

ဒါကို မသိပဲ မီးရှို့ဖျက်စီးပစ်လိုက်မယ် ဆိုရင် နှမြောဖို့ကောင်းပါတယ်။ ကျနော်ကိုယ်တိုင် ဗဟိုဘဏ် ငွေစုတ်ငွေဆွေးလုပ်ငန်းခွဲမှာ ၃ကြိမ် သွားလဲဖူးပါတယ်။ အားလုံးနီးပါး ပြန်ပြီရတာမို့ ကျနော်ပြောတဲ့ ငွေအစုတ် အဆွေး တွေကို မဖျက်စီးပစ်ကြဖို့ပါ။

မိမိပါတ်ဝန်းကျင်မှာ တွေ့ခဲ့ ဆုံခဲ့မယ်ဆိုရင်ဖြင့် ငွေဆုံးရှုံးမှု မဖြစ်ရလေအောင်ကူညီပြောပြပေးနိုင်ပါတယ်။ အစိုးရဘဏ်တွေမှာ သာမာန် ငွေအစုတ် အဆွေးတွေ ဗုဒ္ဓဟူးနေ့တိုင်း လဲလှယ်ပေးနေတာမို့ ငွေဆွေး ငွေစုတ် ရှိသူတိုင်း သွားလဲလို့ ရပါတယ်။

ငွေအစုတ် အဆွေးများနှင့် မြို့နယ်အဆင့် ဘဏ်ခွဲများမှ လက်မခံသောငွေများအတွက် ပြန်ရစေလိုသော စေတနာနဲ့ တင်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page