ပြည်သူချစ် ဇာတ်မင်းသား ဖိုးချစ်နဲ့ သျှံထွဏ်း (မြန်မာစာ) တို့ အဖမ်းခံရဟု သတင်းထွက်ပေါ်
ပြည်သူတွေ အားပေးတဲ့ ဇာတ်မင်းသား မြို့ရွှေမန်းသား ဖိုးချစ်နဲ့ ဆရာဖြစ်သူ သျှံထွဏ်း (မြန်မာစာ) တို့ အဖမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းကို ဖော်ပြလိုက်ပါတယ်-
ဖိုးချစ်နှင့် သျှံထွဏ်း (မြန်မာစာ) အဖမ်းခံရတယ်လို့ သိရပါတယ်။ သူတို့နှဏ်ယောက်ကို နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၂၂ နေ့လည်အချိန်လောက်မှာ လာဖမ်းသွားတယ်ဟု ဆိုပါတယ်။
“ဖိုးချစ်နဲ့ သူ့ဆရာအဖမ်းခံလိုက်ရပြီ၊ သူတို့ ၃၀/၁၁/၂၀၂၂ ခုနှစ် နေ့လည်လောက်ကလာဖမ်းသွားတယ်။ ထောက်ပို့ကိစ္စနဲ့ လာဖမ်းသွားတယ်လို့ပြောကြတယ်။
ဒီသတင်းက အတိအကျဟုတ်၊ မဟုတ် ကျနော်လဲ စုံစမ်းနေတယ်။ တကယ်မဖြစ်ပါစေနဲ့လို့ ကျနော်လဲဆုတောင်းနေတယ်” ဟုအမည်မဖော်လိုတဲ့ ထိုင်းရောက်မြန်မာ ဆယ်လီတစ်ယောက်ကပြောပါတယ်။
ဇာတ်မင်းသား ဖိုးချစ်နှင့် သျှံထွဏ်း( မြန်မာစာ) အဖမ်းခံရတဲ့သတင်းကို အတည်ပြုနိုင်ရန်အတွက် ဆက်လက်စုံစမ်းသွားပါမည်။ (ကိုချစ် ဇွဲကပင်မြေ)၊ အာဏာသိမ်းပြီးနောက်ပိုင်း ဇာတ်မင်းသား ဖိုးချစ်ဟာ မကြာခဏ ခေါ်ယူ စစ်မေးခံရလေ့ ရှိတယ်လို့လည်း သိရပါတယ်။