စုမဲတွေ လိမ်သွားတဲ့သူကို တရားစွဲလို့ ရ၊မရ ဆိုတဲ့ မေးခွန်းရဲ့ အဖြေ

ကျွန်မတို့ ရပ်ကွက်ထဲမှာ ဆယ်တစ်ယောက် တစ်စုနှုန်းနဲ့ စုမဲလုပ်နေတာ ခြောက်လလောက်ရှိပါပြီ။ တစ်စု ကိုတစ်သိန်းပါ ။ စလုပ်တုန်းကတော့ မှန်မှန်သွင်းကြပေမယ့် နောက်ပိုင်းမှာ စုမဲပေါက်ပြီးတဲ့သူတချို့ မှန်မှန် မသွင်းကြတော့သူတွေရှိလာပါတယ် ။ ငွေသွင်းဖို့ ပျက်ကွယ်သူကို ဥပဒေအရ အရေးယူလို့ရမလား ဆိုတာ သိချင်ပါတယ်။

စုမဲ ဆိုတဲ့စကားရပ်ကို ဥပဒေအမြင်နဲ့ ပြောရရင်တော့ တရားမဝင်ပါဘူး။ ဥပမာအားဖြင့် ခင်ဗျားက အောင်ဘာလေ ထီထိုးတယ်၊ ချဲထီထိုးတယ်။ အောင်ဘာလေထီသည် အစိုးရထီ ပြဿနာမရှိပါဘူး။ ချဲထီ ဆိုရင် လောင်းကစားမှုနဲ့ အဖမ်းခံရမယ်။

အောင်ဘာလေထီ တစ်ယောက်တစ်ဝက်စီ ထိုးကြတယ်၊ နောက်ပေါက်လို့ မကျေနပ်ရင် တရားရုံးတက် ရဲတိုင် တရားဝင်လုပ်ခွင့်ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ လုပ်ငန်းကိုက တရားဝင်ဖြစ်နေလို့ပါ။ ချဲထီမှာ မလျှော်နိုင်လို့ တရားရုံးမှာ တရားစွဲ လို့ မရဘူး။ ပင်ရင်းလုပ်ငန်းကိုက တရားမဝင်လို့ပါ။ ၁၉၉၂ မှာ ချဲထီ ကိစ္စအတွက် ကားအရောင်းအဝယ်စာချုပ် ချုပ်ပေးလိုက်ရတယ်၊ ပြီးတော့ ကားမပေးလို့ တရားရုံးမှာ ကား ရလိုမှုနဲ့ တရားစွဲတယ်။ ဒီတော့ ပင်ရင်းအလုပ်ကိုက ပဋိညာဉ်(၂၃) အရ တရားမဝင်ပျက်နေလို့ မင်းလည်း တရားစွဲခွင့်မရှိပါဘူးလို့ ဆိုတယ်။

ခု စုမဲကိစ္စက ရုံးတွေမှာရှိတယ်၊ နယ်တွေမှာလည်း သူနည်းသူဟန်ုနဲ့အတူရှိနေတယ်။ ဒါပေမယ့် သူတို့မှာ စည်းကမ်းချက်လေးတွေ ရှိနေတယ်။ ငွေ မှန်မှန် သွင်းတာတို့၊ အလှည်ကျတဲ့သူကို အလှည်ကျတဲ့ငွေ ပမာဏပေးရ တာတို့ရှိတယ်။ အရပ်ထဲမှာ သူတို့နားလည်မှုနဲ့ လည်ပတ်နေပါတယ်။

အဲလိုဖြစ်လာပြီဆိုရင် ဒိုင်ကလည်း ထွက်ပြေးတာမျိုးရှိတယ်။ အစုဝင်တွေကလည်း သွင်းရမှာကိုမသွင်းဘဲ ငွေကိုပဲ ထုတ်သွားတာတွေရှိတယ်။ ဒီလို တွေဖြစ်လာရင် ဥပဒေသဘောတရားအရ ဒီလုပ်ငန်းဟာ ယုံကြည်စွာအပ်နှံခြင်းဖြစ်တယ်။ ဒါကြောင့် ပေးသွင်းဖို့ ပျက်ကွက်တဲ့သူကို လိမ်လည်မှု၊ ယုံကြည်စွာ အပ်နှံရေး ဖောက်ဖျက်မှုနဲ့ အရေးယူနိုင်တယ်။ ပြစ်မှုပေါ်ပေါက်ရင် ထောင်ကျနိုင်ပါတယ်။

၂၀၀၅ခုနှစ် “နိုင်ငံတော်နှင့်မခိုင်” အမှုမှာ၊ ပျက်ကွက်သူ မခိုင်ဟာ ထောင်တစ်နှစ် ကျသွားဖူးပါတယ်။ အဲတော့ ဒါဟာ ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ပါတယ်။ ချဲထီကိစ္စကို ကားစာချုပ် ချုပ်ပေးလိုက်တာကတော့ အာမခံ ချက်မရှိနိုင်ဘူး။ အမှုဟာ ပျက်သွားကောင်းပျက်နိုင်တယ်။

အဲတော့ ခုနကလို့ ထောင်ကျပြီဆိုပါတော့ ထောင်ချတဲ့ ရုံးက သူငွေတွေတော့ အပြည့်အဝပြန်ပေးစေလို့ အမိန့်ပေးပိုင်ခွင့်မရှိပါဘူး။ ဥပမာ ၁ နှစ်၊ ၂ နှစ် ချမယ်၊ ဒဏ်ငွေရိုက်မယ် အဲလောက်ပဲရှိမယ်။ ငွေတွေတော့ အပြည့်အဝ ပြန်ရလိမ့်မယ်မဟုတ်ဘူး။ ဒါကြောင့် ဒီလို့ကိစ္စ တွေဟာ တရားဝင် မဟုတ်တဲ့အတွက် ပြစ်မှုကြောင်းဆိုင်ရာအရပဲ အရေးယူခွင့် ရှိဖို့ များပါတယ်လို့ ဖြေကြားချင်ပါတယ်။ (DVBlawlab)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page