သေဆုံးသူက အိပ်မက်ပေး ဝင်ပူးပြီးပြောသဖြင့် ကန်တော်ကြီးထဲ ရှာဖွေနေတဲ့ အလောင်း ပြန်တွေ့ပြီ

သေဆုံးသူက မိသားစုနဲ့ နီးစပ်သူတစ်ဦးကို အိပ်မက်ပေးဝင်ပူးပြီးပြောသဖြင့် ကန်တော်ကြီးထဲမှာ ရှာဖွေနေတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိရပြီလို့ သိရပါတယ်။

ယနေ့ (၁၇-၁၁-၂၀၂၂) ရက်နေ့မှာ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဆယ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ “ကန်တော်ကြီးဟိုတယ်နောက် DB ပေါ်တယ်၊ အ-တ်ခံရပြီး အလောင်းကို ရေထဲလာမြှုပ်ထားတာ၊ အိပ်မက်ပေး ဝင်ပူပြီးပြောလို့ ရှာနေတာမတွေ့ အခုမနက်မှပေါ်လာတာ” လို့ ကယ်ဆယ်ရေးသမားတဦးက ပြောပါတယ်။

ရှာဖွေမှုကို ၁၃ ရက်နေ့ကတည်းက ပြုလုပ်နေခဲ့တာ ဖြစ်ပြီး ၄ ရက်ကြာမြင့်တဲ့ အချိန်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူဟာ အသက် ၂၃ အရွယ် လူငယ်တဦး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လူငယ်ဟာ ၂ လကျော်ကြာ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပြီး ကန်တော်ကြီးရင်ပြင်အတွင်း သူ့ကိုမြှုပ်နှံထားပါသည်ဟု မိသားစုဝင်တွေကို အိပ်မက်ပေး ဝင်ပူးပြီးပြောပြလို့ ကယ်ဆယ်ရေးအသင်းတွေ အကူအညီနဲ့ ရှာဖွေနေကြတာ ဖြစ်ပါတယ်။

တရားခံ ဘယ်သူလဲ ဆိုတာတော့ လက်ရှိအချိန်ထိ မသိရှိရသေးဘဲ ပြည်သူတွေ ကြားမှာ ထူးဆန်းအံ့ဩမှုများ ဖြစ်ပေါ်နေပြီး အငြင်းပွားမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page