ဝယ်ထားတဲ့ တိုက်ခန်း ငလျင်လှုပ်လို့ ပျက်စီးသွားရင် အခန်းသစ် ပြန်ရနိုင်မလား မေးခွန်းရဲ့ အဖြေ
ဝယ်ယူထားတဲ့ တိုက်ခန်း သက်တမ်းကုန်ဆုံးသွားရင် ဖြစ်စေ၊ ငလျင်လှုပ်ပြီး ပျက်စီးသွားရင်ဖြစ်စေ အခန်းသစ် ပြန်ရနိုင်သလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ
မေး။ ဝယ်ထားတဲ့ ကိုယ့်တိုက်ခန်းသက်တမ်းကုန်ဆုံးသွားလို့ မြေရှင်က တိုက်အသစ်ပြန်ဆောက်ရင် အခန်းပြန်ရနိုင်ပါသလား။
ဖြေ။ ဝယ်ထားတဲ့တိုက်ခန်းက သက်တမ်းကုန်ဆုံးလို့ ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ပြိုကျပျက်စီးရင်ဖြစ်စေ ဆုံးရှုံးသွားတဲ့အခါ အခန်းပြန်မရနိုင်ပါဘူး။ ဝယ်ထားတဲ့အခန်းကိုပဲ ပိုင်တာဖြစ်တဲ့အတွက် အခန်းမရှိတော့ရင် လက်ဆုပ်လက်ကိုင်ပြစရာ မရှိတော့ပါဘူး။
မြေရှင်က တိုက်အသစ်ပြန်ဆောက်ရင်တော့ မိမိအထပ်၊ မိမိအခန်းနေရာပြန်ရဖို့ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ပြန်ဆောက်မယ့် အခန်းအတွက် ဆောက်လုပ်ကုန်ကျစရိတ်ပေးရန် တာဝန်ရှိပါတယ်။ တိုက်သစ်ဆောက်လျှင် မြေရှင်ရဲ့ စိုက်ထုတ်ကုန်ကျစရိတ်တွေရှိတာကြောင့် မိမိအခန်းအတွက် ဆောက်လုပ်ကုန်ကျစရိတ်ကို ထပ်ပေးရတဲ့ သဘောပါ။
အရင်တိုက်အဟောင်း အခန်းဝယ်ယူခဲ့တုန်းက မြေရှင်သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်စာတမ်းတွေရှိနေလို့ အရင်အခန်းပိုင်ရှင်ဖြစ်နေသေးပြီး အပြင်လူက လာဝယ်တဲ့ ဈေးအတိုင်းပေးစရာမလိုပဲ မိမိအခန်းအတွက် ဆောက်လုပ် ကုန်ကျစရိတ်သာ ကျခံရမည် ဖြစ်ပါတယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)