ဈေးကြီးတဲ့ ငါးသလဲထိုးတွေနဲ့ ရောရောင်းလေ့ ရှိတဲ့ ငါးသလဲထိုးအတုအကြောင်း (အတုအစစ်ခွဲနည်း)

ဈေးထဲက ငါးသည်တွေ ဈေးကြီးတဲ့ ငါးသလဲထိုးနဲ့ ရောပြီး ဂျင်းထည့်တတ်တဲ့ ငါးသလဲထိုး အတုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်-

ငါးသလဲထိုး အတု အစစ်ရှိမှန်း ခုမှသိရ၊ ကိုယ်က ငါးသလဲထိုးကြိုက်သူမို့ စားကောင်းကြောင်း ခဏခဏပြောမိတော့ အိမ်နီးချင်းအမက သူတို့ဆီမှာ ကြောင်ကျွေးတာ တဲ့။ တစ်ရက်တော့ ငါးအစိမ်းလေးတွေ လက်ဆောင်လာပေးပါတယ် ကြော်စားကြည့်တာ အရသာ မတူဘူးရယ်။

အမြီးမှာ ဒေါင်းမီးကွက်မပါဘူး။ ရင်လိုင်းလေးတွေမှာ အမဲစက်မပါဘူး။ ကိုယ်ဝယ်တော့လည်း တစ်ခါထိဖူးတယ်။ နောက်ငါးဝယ်ရင် အမြီးပဲ ပြူးပြဲကြည့်ရတော့တယ်။ ပုံက ငါးသလဲထိုးအစစ်ပါ။ ငါးသလဲထိုးနဲ့တူတဲ့ငါးက ငါးသစ်တုံး ပါတဲ့ ပုံလေး ထပ်ထည့်ပေးထားပါတယ်။ မန့်တွေဖတ်ပြီး ဗဟုသုတတိုးရလို့ ကျေးဇူးတင်ပါတယ် ။ (Ma Su)

မှတ်ချက် (၁) – ငါးသလဲထိုးအစစ်က ကိုယ်ပေါ်မှာဒေါင်လိုက်စင်းပါတယ် အမြီးမှာလဲအပြောက်လေးပါတယ်။ ပုံထားရင်ရွှေဝါရောင်သန်းတယ်ကြော်စားရင် စိမ့်ပါတယ်။ အတုက အစင်းကြောင်းမပါ ပါ။ အရွယ်ပိုသေးပါတယ်။ စုပုံထားရင် ပန်းရောင်သန်းပါတယ်။ စားရင်မစိမ့်ပါ။ ငါးသစ်တုန်းကသပ်သပ်ပါ။ ပုံစံမတူပါဘူး။ သူကနည်းနည်း တိုပါတယ်။ အမဲရောင်သမ်းပါတယ်။ (သိသလောက်ပါ)

မှတ်ချက် (၂) – အတုအစစ်မရှိပါဘူး။ ကိုယ်ကသာ ခွဲခြားမသိတာပါ။ ငါးလက်ကပ်၊ ငါးသလဲထိုး၊ ငါးသစ်တုန်း၊ ငါးစရစ် အကုန်လုံးက တခြားစီပါ။ ငါးသလဲထိုးမှာ​တောင် အကြီးမျိုး အ​သေးမျိုး အ​ရောင်ဝင်းဝင်းနုနု မဲတဲ့ဘက်သွားတဲ့အ​ရောင် စသဖြင့် ​ရေ​သေ ​ရေရှင်​​ပေါ်မူတည်ပြီး အ​ရောင်ကွဲတယ်။ အရမ်းကြိုက်တဲ့ ငါး​တွေဆို​တော့ ​ကောင်း​ကောင်းကိုသိ​နေတာလို့။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page