မုန်တိုင်းအပြီး ငွေဆောင်သွားမယ့်သူတွေ အထူးဂရုပြုရမယ့် အဖြစ် (အရေးကြီးပါတယ်)

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က ငွေဆောင်ကမ်း‌ခြေမှာ ဦးလေးအငယ်ဆုံး အလုပ်ကိစ္စနဲ့ သွားရင်း ဂျပ်မြွေ ကိုက်ခံရလို့ ကမ်းပေါ်အတက်မှာပဲ ဆုံးသွားခဲ့ပါတယ် (သူရန်ကုန်မပြန်ခင်တစ်ရက်အလိုပေါ့)။

ကမ်းခြေကို ခရီးသွားမယ်ဆိုရင် ဒါတွေသိထားရပါမယ် ခုလိုမုန်တိုင်းပြီးပြီဆိုပြီး ကမ်းခြေကိုသွားရင် ရေလုံးဝ ဆင်းမကူးကြပါနဲ့ ပင်လယ်မှာ ဂျပ်ရှိပါတယ်။

ဂျပ်တွေဟာ ပင်လယ်က ကျွန်းတွေ ကျောက်ဆောင်တွေထဲမှာ နေကြတာပါ။ လေမုန်တိုင်းတိုက်ပြီး လှိုင်းကြီးတာမို့ လေတွေ လှိုင်းတွေနဲ့အတူ ပင်လယ်ထဲမှာ သော်လည်းကောင်း ကမ်းခြေကိုသော်လည်းကောင်း မျောနေ ရောက်ရှိနေတတ်ပါတယ်။

ဂျပ်ထိရင် ဆေးမမှီပါဘူး အသက်ဆုံးရှုံးရတတ်ပါတယ် နောက်တစ်ခုက ရေခူ ရေတန်းပါ ခုချိန်ရေခူ လှိုင်လှိုင်ကမ်းခြေကိုရောက်နေပါပြီ ရေခူနဲ့ထိရင် ယားယံတာကလွဲလို့ အန္တရာယ်မရှိပါ ဒါပေမယ့် ရေတန်းနဲ့ထိရင်တော့ အသက်အန္တရာယ် စိုးရိမ်ရပါတယ် ကုသဖို့ဆေးမရှိပါဘူး

ရေတန်းထိရင် အောင့်ကျပ်ပြီး အသက်ရှူမဝအောင်ခံစားရပါတယ် အေက်စီဂျင်ပေးရတဲ့အထိ ဖြစ်တတ်ပါတယ် ဒါကြောင့် စာဖတ်မိတ်ဆွေများ ခုဒီလအတွင်း ပင်လယ်ကိုအပျော်ခရီးထွက်ခဲ့ရင် ရေဆင်းမကူးပါနဲ့လို့ သတိပေးလိုက်ပါတယ်ရှင်။ မလေးခိုင်(ပင်လယ်) ပုံကတော့ ငွေဆောင်က ညီမယောကျ်ားပေးပို့တာပါ ဒီနေ့ကမ်းခြေမှာမြင်နေရတဲ့ပုံပါ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page