ရွှေဈေးကို စကစ ပုံသေ သတ်မှတ်၊ ရန်ကုန်မှာ တကျပ်သား ၂၅ သိန်း ၃ သောင်းနဲ့ ရောင်းရမည်ဟုဆို

စကစ လက်အောက်ခံ ရန်ကုန် ရွှေလုပ်ငန်းရှင်များ အသင်းက ယနေ့မှာ ကြေညာချက် ထုတ်ပြန်ပြီး ရွှေဈေးကို ပုံသေ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ပန်ကြားလွှာလို့ ခေါင်းစဉ်တပ်ထားတဲ့ စာမှာ “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များအားလုံး (ရွှေဆိုင်များ အားလုံး) အခေါက်ရွှေ တကျပ်သားလျှင် ၂,၅၃၀,၀၀၀ (နှစ်ဆယ့်ငါးသိန်း သုံးသောင်းကျပ်) နှုန်း ရောင်းချပေးကြပါရန် ပန်ကြားအပ်ပါသည်” လို့ ပါရှိပါတယ်။

ယခု ကြေညာချက် မတိုင်မီ အောက်တိုဘာလ အစကတည်းက အွန်လိုင်းပေါ်မှာ ရွှေဈေးတွေကို အချိန်နဲ့ တပြေးညီ မတင်ရန် ရွှေဆိုင်တွေ အားလုံးကို စကစက အမိန့်ထုတ်ပြန်ထားပါတယ်။

ရန်ကုန်ရွှေလုပ်ငန်းရှင်များ အသင်းက ရွှေ ၁၂ ပိဿာခွဲကို ၂၅ သိန်း ၉ သောင်းခွဲနဲ့ ရောင်းချပေးခဲ့ပြီးနောက် ရွှေဈေးနှုန်းကို မကြာခဏ ပြောင်းလဲ ကြေညာနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန် ပြင်ပဈေးကွက်မှာ ရွှေဈေးက ၂၆ သိန်း ဝန်းကျင် ရှိနေတာ ဖြစ်ပါတယ်။ ယခုလို ရွှေဈေးကို ပုံသေသတ်မှတ်လိုက်တာကြောင့် ရွှေဈေးကွက် ဘယ်လို ပြောင်းလဲသွားမလဲဆိုတဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page