ဝယ်လက် မရှိဘဲ ကားဈေးတွေ တက်နေရတဲ့ အကြောင်းနဲ့ ကားဈေး ကျ၊ မကျ မေးခွန်းရဲ့ အဖြေ

သူတို့အမြင် ဝယ်လက်အဲ‌လောက်မရှိပဲနဲ့ ကားဈေးတွေဘာကြောင့်တက်နေလဲ ဘာကြောင့်မကျတာလဲ အဲဒီအပေါ်မှာ ကျနော့အမြင်လေးမျှဝေချင်တာပါ။ ဒေါ်လာ ရွှေ ကား ဒီသုံးမျိုးက နိုင်ငံ့အရေးနဲ့တိုက်ရိုက်ပတ်သက်နေတာပါ။ ကားဂရုထဲလာပြီး နိုင်ငံရေးအ‌ကြောင်းလာပြောနေတာမဟုတ်ပါဘူး။ အရှိတရားကို ထောက်ပြခြင်းပါ။

နိုင်ငံရဲ့လက်ရှိပကတိအခြေအနေက ဘာကိုမှ‌မျှော်မှန်းလို့မရသလို ဘယ်အရာကိုမှလည်း ပုံသေတွက်လို့မရတဲ့အနေအထားမှာ အစိုးရိမ်ဆုံးကတော့ ငွေကြေးစနစ်ပါ။ ငွေကြေးစနစ်အာမခံချက် မရှိသမျှ ဒေါ်လာ ရွှေ ကား ဒီသုံးမျိုးက ဈေးတက်နေအုံးမှာပါ။ ဒီအချိန်မျိုး လက်ထဲငွေအများကြီးထားဖို့ အတော်စဉ်းစားရပါတယ်။

အဲတော့ဘာဝယ်ထားမလဲ ဒေါ်လာ ရွှေ ကား ရွေးစရာ ဒါပဲရှိပါတယ်။ တခုခုဆို ကိုယ်နဲ့တပါတည်းယူသွားလို့လည်းရတယ်။ အဲတော့ ကားကောင်းပစ္စည်းကောင်းတဲ့သူကတော့ အရေးပေါ်ဗိုက်နာတာမှ မဟုတ်ရင်အရမ်းကြီး ဈေးချရောင်းမှာမဟုတ်ဘူးလို့ထင်တယ်။

ရောင်းပြီးပြန်ဝယ်ရမယ် ဝယ်မရခင်လည်း ကိုယ့်‌ငွေနဲ့ကိုယ်စိတ်ပူနေရမယ့်အနေထားဆိုတော့ ဂျို ဂျင်းကား‌တွေကလွဲလို့ ကားကောင်း အမြင့်ကားတွေကတော့ ဈေးကျဖို့ရာ မျှော်လင့်ဖို့မလွယ်ပါဗျာ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

ကွန်းမန့်မှ ကူးယူ ဖော်ပြပါသည်။ အဲဒါဆို ကားစျေးကဘယ်တော့မှ မကျတော့ဘူးပေါ့ ဟုတ်လား Htar Thakin ကျမှာပါ နိုင်ငံရေးအခြေအနေကောင်းရင် အုပ်ချုပ်သူလူတန်းစားနဲ့ အုပ်ချုပ်ခံလူတန်းစားအကြား သဟဇာတဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက ကိုယ့်နိုင်ငံကို ပြန်အဖက်လုပ်တဲ့နေ့ပေါ့။ ကုန်စျေးနှုန်းတောင်မကျတာဗျာ ကားစျေးဆိုရင်တော့မမျော်လင့်ရဲတော့ပါဘူးဗျာ။

ငွေထုပ်ကိုင်ပြီး အကျစောင့်နေရင်တော့ လိုက်လေဝေးလေပဲနေမှာ။ တရုတ်ထရပ် တစ်ရာဝန်းကျင်ကားက နှစ်ရာကျော် နှစ်ရာဝန်းကျင်၊ သုံးဆယ်ငါး လေးဆယ်တန် အိုးဝေသုံးဘီးတောင် တစ်ရာကျော်နေတာဆိုတော့ သိပ်မှန်တဲ့သုံးသပ်ချက်ပါပဲ။

အဓိက နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ငွေဖေါင်းပွမှုပါပဲ။ ဟုတ်ပါတယ် နိုင်ငံရေးမတည်ငြိမ်ရင် ဒေါ်လာလိုအပ်ချက်အရ ပါမစ်လည်းဖွင့်မှာမဟုတ်သလို ဘယ်ကမှလည်းရင်းနှီးမြှုပ်နှံမှုတွေလာမှာမဟုတ်ပါဘူး။ အဓိက နိုင်ငံရေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page