မြန်မာပြည်သူတွေ သတိမထားမိတဲ့ အာလူး အစာအဆိပ်သင့်အကြောင်း (အားလုံး သိသင့်ပါတယ်)

မြန်မာပြည်သူတွေ သတိမထားမိတဲ့ အာလူးအစာအဆိပ်သင့်နိုင်တဲ့ အခြေအနေအကြောင်းကို အများပြည်သူ သိနိုင်အောင် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်-

သဇင် ဒီနေ့မနက် ဟင်းချက်ပြီး ကြောက်စရာကောင်းတဲ့ အစာအဆိပ်တစ်ခု ကိုယ်တိုင်ကြုံတွေ့ရလို့ မျှဝေလိုက်ပါတယ်။ အာလူးအလုံးကောင်းကောင်း ဝယ်ထားတယ် မကြာသေးပါဘူး။ အပင်လည်းမပေါက်ဘူး အရောင်လည်းမစိမ်းဘူး။ အခွံခွာ ပါးပါးလှီး ဆားစိမ် ရေဆေးပြီး အဲ့အချိန်ထိအကောင်းပဲ။

ဆီထည့်ကြော် ကျက်လို့ မြည်းကြည့်တော့မှ ပအာသလိုဖြစ်တယ်။ တခါတလေ ဖြစ်တတ်သလိုပဲလို့ထင်တာ ခဏကြာတော့မှ ပါးစပ်ထဲ ပူလာတယ် ရှိန်းရှိန်းနဲ့ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်လာ၊ အဲ့ဒါနဲ့ အာလူးကြော်ပန်းကန်ကို မေမေ ယူကြည့်လိုက်တာ အာလူးအကုန်လုံးစိမ်းနေတာ ချက်ချင်းပြောင်းသွားတာအရောင်က။

သဇင်လည်း တော်တော်လန့်သွား အသိဆရာဝန်တွေပြောတဲ့ အာလူးအလုံးကြီးအောင်သုံးတဲ့ ဓာတုပစ္စည်းတွေက အဆိပ်ပြင်းတယ်ဆိုတာ လက်တွေ့ကြုံသွားပြီ။ ကံကောင်းတာက သားသားလေးကိုမကျွေးမိတာ သဇင်တို့အမေတွေတော်တော်များများက ကလေးတွေကို အာလူးအကျွေးများတယ်နော်။

စိတ်ထဲမကောင်းမိဘူး သူတို့သာစားမိရင် ရင်ထဲနေလို့မကောင်း တော်တော်ခံစားရမှာပါလားဆိုပြီး သဘာဝအတိုင်းရတဲ့အသီးအနှံတွေကလည်းရှားပါးလာတော့ ဘယ်လိုခရီးဆက်ကြမလဲနော် လွင့်ပစ်ပီးတော့မှအမှတ်တရရိုက်ထားတဲ့အာလူးကြော်စိမ်းစိမ်း။ (May Thant Thazin)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page