မြေနီကုန်း ခုံးတံတားအောက်မှာ လာသမျှကားတွေကို ပေါ်တင် မိုက်ကြေးခွဲနေသူ တဦး
မြေနီကုန်းခုံးတံတားအောက်မှာ မီးပွိုင့်မိနေတဲ့ ကားတွေကို ပေါ်တင် မိုက်ကြေးခွဲနေတဲ့သူတဦး အကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသူတဦးရဲ့ ရေးသားချက်ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်-
အခုပဲဖြစ်လာတာပါ မြေနီကုန်းဂုန်းတံတားနားမှာ ညီအမနှစ်ယောက် တက်စီနဲ့လာတာ မှန်ချထားပြီး မီးပွိုင့်မိနေတုန်း ကိုယ်က မသိဘူး ဖုန်းသုံးနေတာ ပြတင်းပေါက်မှာကပ်ပြီး လက်တင်ပြီး သံတူရွင်းလိုဟာ အချွန်အတိုနဲ့ကိုင်ပြီး ပိုက်ဆံ ၂ သောင်းပေးဆိုပြီး တောင်းတာပါ။
မပေးနိုင်ဘူးဆိုတော့ မပေးနိုင်ရင် ကားမသွားရဘူးဆိုပြီး ဖယ်မပေးပါဘူး။ တက်စီဦးလေးကြီးကိုလည်း ဝင်ပြောပေးပါဦးဆိုတာကို သူ့ဘာသာတင် ကြောက်နေတာနဲ့ နောက်ဆုံး ကိုယ်နည်းကိုယ့်ဟန်နဲ့ပြောပြီးပဲ ၅ ထောင်ပေးလိုက်မှ ထွက်သွားတာပါ။
ဒါတောင် ပိုက်ဆံအိတ်ပြဘာညာနဲ့ သူတောင်းစားမဟုတ်ဘူးဆိုပြီး ပေါ်တင်ကြီးလာပြီး လူမိုက်လုပ်တောင်းနေတာ။ သူတောင်းစားတွေ နေ့ခင်းကြောင်တောင်ကြီးကို တော်တော်ဆိုးနေပြီ။
အကျီပန်းရောင်နဲ့ ကတုံးဆံပင်ပေါက်နဲ့ သံတုတ်ကိုင်ပြီး မီးပွိုင့်မိတဲ့ ကားမှန်ဖွင့်ထားတဲ့ ကားတွေအကုန်လုံးကို အဲ့လိုလိုက်ပြီး ခြိမ်းခြောက်နေတာပါ။ ဘုရားသွားတဲ့လမ်းမှာ တော်တော် အကုသိုလ်များတယ်။ (Eaindray Kyaw) (ပိုက်ဆံလိုက်တောင်းနေတဲ့ အဆိုပါ လူဟာ ကော်ရှူနေတယ်လို့လည်း နောက်ဆက်တွဲ အနေနဲ့ သိရပါတယ်။)