လေမပါတဲ့ ကားတာယာတွေ စီးပွားဖြစ် ထုတ်လုပ်တော့မည် (လေထိုးရမယ့်ဘေးက လွတ်ပါတော့မယ်)

ပြင်သစ် ကုမ္ပဏီ မစ်ချယ်လင်းက လေမပါတဲ့ ကားတာယာတွေကို ဖန်တီးနေတာ ဆယ်စုနှစ် ၁ ခုကျော်ရှိနေပါပြီ။ ဒီဇိုင်းက ထူးခြားပြီး ကလေး ကစားစရာ ကားအရုပ်က တာယာနဲ့ ဆင်တူပါတယ်။ အဲဒီ ကားတာယာ နည်းပညာအသစ်ကို လူတွေ သဘောကျနေကြပါတယ်။

လေမပါတဲ့ ကားတာယာကို UPTIS လို့ အမည်ပေးထားပြီး အရှည်က Unique Puncture Proof Tire System ဖြစ်ပါတယ်။ လေမပါတဲ့ ကားတာယာဟာ ကွဲအက်ခြင်း မရှိတဲ့အတွက် ရေရှည် အသုံးခံပါတယ်။ အဲဒီအတွက် တာယာတွေ ထုတ်လုပ်မှု လျှော့ချနိုင်ပြီး စွန့်ပစ် ကားတာယာတွေ နည်းပါးသွားမှာပါ။

လေပါတဲ့ ကားတာယာတွေ မီးလောင်ရင် သဘာဝ ပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ဓါတ်ငွေ့တွေ ထုတ်လွှင့်ပြီး အမေရိကန် တစ်နိုင်ငံထဲမှာ ၂၀၁၉ ခုနှစ်အတွင်း စွန့်ပစ် တာယာ သန်း ၂၆၀ ကျော် ရှိပါတယ်။

အဲဒီအတွက် UPTIS ကို ဖန်တီးလိုက်တာ ဖြစ်ပြီး စွန့်ပစ် ပလတ်စတစ်တွေကနေ UPTIS ကို ထုတ်လုပ်နိုင်ပါတယ်။ မစ်ချယ်လင်းက အနာဂတ်မှာ စွန့်ပစ်ပစ္စည်းတွေကိုပဲ အသုံးပြုကာ UPTIS ကို ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ မစ်ချယ်လင်းက ၂၀၂၄ ခုနှစ်မှာ လေမပါတဲ့ ကားတာယာတွေကို ကားတွေမှာ စတင် တပ်ဆင်ပေးဖို့ ကြိုးစားနေပါတယ်။

လေမပါတဲ့ ကားတာယာတွေသာ ကမ္ဘာ့ဒေသအသီးသီးမှာ သုံးစွဲမှု တွင်ကျယ်လာလို့ မြန်မာပြည်ရောက်လာရင်တော့ မြန်မာပြည်က လေထိုးကျွတ်ဖာဆိုင်တွေ စီးပွားရေး ထိခိုက်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page