ကမ္ဘာက လူတွေ ဘယ်တော့မှ မမြင်ရတဲ့ လရဲ့ အမှောင်ဖက်ခြမ်းနဲ့ ဒီရေ အတက်အကျ ဆက်စပ်မှုအကြောင်း

ဆန်ထောင်းနေတဲ့ အဖိုးအိုနဲ့ ယုန်ဟာ အမြဲမြင်နေရပြီး လဟာ ရေကို ဆွဲခဲ့တယ်။ တန်ဆောင်းမုန်းလပြည့်ညလည်း ဒီလမ်းကြောင်း ဒီချိုင့် ဒီအပေါက်တွေပဲ။ ၁၂ ရာသီ လပြည့်ညတိုင်း လကို ထင်ထင်ရှားရှားမြင်ရတယ်။ ဒီလမ်းကြောင်း ဒီချိုင့် ဒီအပေါက်တွေပဲ ဒီဘက်မျက်နှာပြင်ပဲ။ ဒါပေမယ့် ဒီဘက်ကိုပဲ အမှတ်အသားတွေအရ အနည်းငယ် အပေါ်အောက် ရွေ့တယ်။ အလုံးလိုက်ကြီး ဟိုဘက်ခြမ်းထိအောင် မပြောင်းဘူး။

သူလည်နေတဲ့နှုန်းနဲ့ ကမ္ဘာလည်နေတဲ့နှုန်းရဲ့ မတူညီမှု ကိန်းသေကြောင့် တခြားဘက်ခြမ်းကို ဘယ်တော့မှမတွေ့ခဲ့ရဘူး။ နာဆာရဲ့ လပေါ်သွားတဲ့ မစ်ရှင် အပိုလို ၁၇ က နောက်ဆုံး ရောက်ခဲ့တာပဲ။ အပိုလို ၂၀ အထိ စီမံကိန်းတွေ ရှိခဲ့ပေမယ့် ဆက်မလုပ်တော့ဘူး ဟိုဘက်ခြမ်းကို နာဆာက မရောက်ခဲ့ဘူး (သို့) မထုတ်ပြန်ခဲ့ဘူး။ မထုတ်ပြန်ခဲ့ဘူး ဆိုရင် ဘာကြောင့်လဲ ဆိုတာ မေးချင်စရာပဲ။ အပိုလို ၂၀ အထိ ဘာလို့ ဆက်မလုပ်ကြတော့တာလဲ ဆိုတာရောပဲ။

ဆန္ဒပြပွဲ တချို့ ဖြစ်ခဲ့တယ်။ မာတင်လူသာကင်းရဲ့ သူငယ်ချင်း ခေါင်းဆောင်တစ်ယောက်ဟာလည်း လအတွက် ကုန်ကျမယ့်ငွေကြေးတွေကို အစာရေစာ ငတ်မွတ်နေတဲ့နေရာတွေမှာ သုံးဖို့ ဆန္ဒပြခဲ့ကြတာတွေ ရှိတယ်။ ရုရှားကလည်း လကို ဆက်ပြီးလေ့လာဖို့ ရပ်တန့်ခဲ့တယ်။ ဘာကို သိခဲ့ရလို့လဲ။ ဘာအကျိုးရှိခဲ့လို့လဲ ဒါမှမဟုတ် ဘာမှအကျိုးမရှိတော့တာ သေချာတယ်ဆိုပြီး ရပ်တန့်ခဲ့တာလား။

လရဲ့ ကမ္ဘာကနေ ကြည့်ရင် တခြားဖက်ကို မမြင်ရစေတဲ့ ပုံသေလည်နှုန်းကလည်း ကွက်တိကို တိုက်ဆိုင်နေတယ်။ တခြား တဖက်ကို မမြင်ရအောင် တမင် ဆက်တင် ချိန်ထားမလားလို့ သံသယ ရှိရင်လည်း ရှိသင့်ပါတယ်။ ဗုဒ္ဓဘာသာ စာပေတွေမှာ တစ်ခါ ဖတ်ဖူးလိုက်တယ် (သေချာအောင်ပြန်ရှာပေးမယ်) ဖတ်ဖူးတဲ့သူရှိရင်လည်း ပြောပါ။

ပါချုပ်ဆရာတော်ဟောတဲ့ တရားတစ်ပုဒ်ထဲမှာပါတဲ့ ရေတွေ ထုတ်ပေးတဲ့ ကျောက်တုံးတွေ ဒီကျောက်တုံးတွေဟာ လပြည့်ညတွေမှ ရေတွေထုတ်ပေးတယ်လို့ဆိုတယ်။ ကြားကြားချင်းတော့ ရယ်စရာ ကောင်းနေတယ်။ နှစ်တွေကြာလာတဲ့အခါ သံသယတမျိုးဝင်လာတာက ဒီကျောက်သားတွေဟာ ရေမော်လီကျူးတွေကို အဆမတန် ပွားစေတယ် ဆိုရင်ရော၊ ခုနက သမုဒ္ဒရာအောက်က ရေမော်လီကျူး ပွားစေတဲ့ ကျောက်သား ကျောက်တုံးတွေ ဘယ်အချိန်မှာ ရေကိုထုတ်လဲဆို လနဲ့ ကမ္ဘာ အနီးဆုံး နေရာတွေမှာ အလုပ်လုပ်တာ။

အဲ့လို ဆိုခဲ့ရင် လဟာ ရေကို ဆွဲတာမဟုတ်တော့ဘူး။ ရေအောက်က အဲ့ဒီကျောက်တုံးနဲ့ ဓာတ်ပြုတာ ရေအောက်က ကျောက်တုံးဟာ ဥက္ကာပျံ ဝင်တိုက်လို့ တွင်းပေါက်အဖြစ် ချိုင့်ကျန်ခဲ့တဲ့ လက်ရှိ ပစိဖိတ်သမုဒ္ဒရာလိ အတ္တလန္တိတ် သမုဒ္ဒရာလို ချိုင့်ကြီး တွေထဲမှာ ကျန်ခဲ့လိမ့်မယ် ဆိုပါတော့ အဲဒီ ကျန်ခဲ့တဲ့ ကျောက်အပိုင်းအစတွေဟာ လနဲ့ နီးလာတဲ့အခါ reaction ဖြစ်ပြီး ရေမော်လီကျူးတွေ အစမတန်ပွားများစေတယ်။

ပွားသွားတဲ့ ရေတွေဟာ ပူ၊ ပွ၊ ပေါ့၊ တက်၊ အေး ဖြစ်စဉ်တွေနဲ့ တချို့ မိုးအဖြစ် ပြန်ရွာတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လူတွေ သုံးတယ်။ ရေခဲပြင် ရှိတဲ့နေရာဖက် ရောက်ရင် ခဲတယ်။ ဘဲစားဘဲခြေနဲ့ နေလာတယ်။ ရေအောက်က အဲဒီ စကြာဝဠာလာ ကျောက်ဆိုင်ကျောက်ခဲတွေဟာ လနဲ့ reaction ဖြစ်တဲ့ တခြား ဥက္ကာပျံက ဖြစ်နိုင်သလို လကိုယ်တိုင်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ခဲ့မယ်ဆိုရင် ဒိုင်နိုဆောတွေ မျိုးသုဉ်းအောင် ဝင်တိုက်ခဲ့တဲ့ ဥက္ကာပျံဟာ လကိုယ်တိုင်ပဲ ဖြစ်မယ်။

တကယ်လို့ အဲဒီရေအောက်ထဲက လဆွဲအားနဲ့ reaction ဖြစ်တဲ့ ကျောက်သားတွေသာ တကယ် ရေမော်လီကျူးတွေကို ပွားပေးနိုင်မယ်ဆို ဒီရေတက်တာတွေ၊ ကျတာတွေဟာ လက ရေကို တိုက်ရိုက်ဆွဲတာကြောင့် မဟုတ်ခဲ့ဘူး။ လသာ ရေကို တကယ် ဆွဲငင်နိုင်မယ်ဆို ဆည်ထဲက ရေကျတော့ ဘာလို့ လပြည့်ညမှာ မမြင့်တက်လာလဲ။ (ကန်တော်ကြီးက ရေ လပြည့်ညမှာ မတက်ဘူး။ အင်းယားက ရေ လပြည့်ညမှာ မတက်ဘူး)

ဒီရေ အတက်အကျတွေ ရှိတဲ့နေရာတိုင်းဟာ သမုဒ္ဒရာနဲ့ တနည်းမဟုတ် တနည်းဆက်စပ်နေကြတာ တွေ့ရမယ်။ မေတ္တာသုတ်က ၁၅ ချက်မှာ သက္ကော စွမ်းစွမ်းတမံလုပ်ပါ ဆိုတာကို ထိပ်ဆုံးမှာထားတာရယ်နဲ့ ဥဇူစ ကိုယ် နှုတ် ၂ ပါး ရိုးဖြောင့် နေရမယ် ဆိုတာတွေ၊ ဟုဇူ စိတ်ထဲကပါ ရိုးဖြောင့်နေရမယ်ဆိုတာတွေ ကာလ္လမသုတ်မှာ ငါဘုရားပြောတာကိုလည်း မယုံနဲ့ဆိုတဲ့ အချက်တွေအရ မြတ်စွာဘုရားဟာ လူသားတွေရဲ့ တွေးခေါ်နိုင်စွမ်းကို အားပေးတော်မူခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆန်ထောင်းနေတဲ့ အဖိုးအိုနဲ့ ယုန်ဟာ အမြဲမြင်နေရပြီး လဟာ ရေကို ဆွဲခဲ့တယ်။ (ဘုန်းတင့်ကောင်း)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page