ဂတ်စ်မီးဖိုနဲ့ ကင်တဲ့ အကင်ဆိုင်တွေမှာ စားတဲ့သူတွေ အထူးဂရုပြုရမယ့်အချက် (အန္တရာယ် ရှိပါတယ်)
ဂတ်စ်မီးဖိုနဲ့ကင်စားရတဲ့ ဘာဘီကျူး ဆိုင်တွေဆိုသွားစားဖိုတော်တော် စိတ်ဒဏ်ရာ ရသွားခဲ့ပြီ။ ပြောပြချင်တာကတော့ ဂတ်စ်မီးဖိုနဲ့စားရမယ့် အစာစားတွေဆိုရင် မီးဖိုနဲ့ ဆက်စပ်ပစ္စည်းတွေကို သေချာဂရုစိုက်ဖို့ရယ်၊ သတိရှိဖို့ရယ် ကိုယ်တွေလို တခြားသူတွေကို ထပ်မဖြစ်စေချင်လို့ မျှဝေမှု လုပ်တာပါ။
ဆိုင်ကို အရမ်းကြိုက်လို့ ၂ ဆိုင်လုံးမှာ ခဏခဏသွားစားဖြစ်တယ်။ နောက်ထပ်သွားစားဖို့ တော်တော်လေးကြောက်မိတယ်။ ဖြစ်ပုံက မနေ့ညက သူငယ်ချင်း ၄ ယောက် သွားစားတာ ဂတ်စ်မီးဖို ထပေါက်တာ အကင်အိုးတောင်မပူသေး၊ အကင်တောင်မကင်ရသေးဘူး။
ဝိတ်တာက ဂတ်တစ်မီးဖို လာဖွင့်တော့ သူကပွင့်တယ်ထင်ပြီးထားခဲ့တာ မပွင့်လို့ပြန်ခေါ်ပြီး ပြန်ဖွင့်ခိုင်းတော့ ဂတ်စ်ဘူးကို သေချာဖြုတ်တပ်မလုပ်ဘဲ ရှေ့တိုးနောက်ဆုပ်လုပ်ပြီး ဂတ်စ်မီးဖို ကိုပြန်ဖွင့်ပေးခဲ့တာပါ။ (တကယ်တော့ သေချာ ဂတ်စ်ဘူး ကိုဖြုတ်ပြီးပြန်တပ်ပေးတာ (သို့) ဂတ်စ်ဘူး အသစ်လဲပေးတာလုပ်ပေးရမှာပါ)
ခဏနေတော့ ကင်မ်ချီစားနေရင်း ဂတ်စ်မီးဖိုက ဂတ်စ် မလုံပဲအုန်းခနဲထပေါက်တာ ကိုယ်ကသိသိချင်း မျက်နှာကိုလွဲပြီးရှောင်လိုက်နိုင်လို့၊ ဂတ်စ်အိုးနဲ့တည့်တည့်ထိုင်တဲ့သူငယ်ချင်းက မျက်နှာကို ပေါက်ပွဲမှုက ဖြစ်တဲ့ ဆီကလာတဲ့ မီးလုံးကြီးနဲ့ဟက်သွားတာ။
ကံကောင်းတာ သူငယ်ချင်းက မျက်လုံးကို လက်နဲ့ကာလိုက်လို့ မျက်လုံးတော့မထိသွားတာ မျက်နှာတစ်ခုလုံးကို အပူဟက်သွားပြီး ဆံပင်တွေ၊ မျက်ခုံးမွှေးတွေ၊ မျက်တောင်မွှေးတွေ အကုန်လောင်ကုန်တာ ကာလိုက်တဲ့လက်မှာတော့ အပူလောင်ဒဏ်ရာရသွားတာပေါ့။
ပြီးတော့ ဆေးရုံးကြီးက အရေးပေါ်ကိုခေါ်သွားပြီး အဲ့ကနေမှ မျက်နှာနဲ့မေးရိုး ကိုသွားပြခဲ့ရတယ်။ မျက်နှာကတော့ ဘာမှမဖြစ်သွားပေမယ့် အပူတွေတော့လောင်ခဲ့တာ ဆံပင်၊ မျက်ခုံးမွှေး၊ မျက်တောင်မွှေး နှင့်လက်ကဒဏ်ရာကတော့ အဆိုးဆုံးပေါ့။
ဆိုင်ကဝန်ထမ်းတစ်ယောက်ကတော့ အစအဆုံးလိုက်ခဲ့ပေးပြီး၊ ဆေးရုံပြလို့ပြီးမှ ဆိုင်ကသူဌေးစုံတွဲက လိုက်လာပြီး ကျေနပ်တဲ့အထိ လာတောင်းပန်ပါတယ်။ (Shin Myo Thu)